ဂျပန်တွင် ရေကြီးမြေပြိုသဖြင့် လူ ၂၀ ပျောက်

3
ဂျပန်နိုင်ငံအလယ်ပိုင်းမှာ မိုးကြီးပြီး မြစ်ရေလျှံနေတဲ့အတွက် အာတာ့မိမြို့ထဲမှာ မြေပြိုကျကာ လူနေအိမ်တွေ ပါသွားတဲ့အတွက် လူအယောက် ၂၀ လောက် ပျောက်နေပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်နေတဲ့ ရှုခင်းနေရာ တစ်ခုကတော့ ရေအောက်မှာ လုံးဝ ပျောက်ကွယ်သွားပြီလို့လည်း အယုစုဘို ရေတံခွန်နားမှာ နေတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
ဇူလိုင် ၂ ရက် တရက်တည်းက မိုးရေချိန်ဟာ အာတာ့မိမြို့တည်ရှိရာ ရှိဇုအိုခါ့ခရိုင်နဲ့ အနားက ခါ့နာ့ငါ့ဝါ့ခရိုင်တို့မှာ ဇူလိုင်လ တလလုံး ပျမ်းမျှ မိုးရေချိန်ကို ကျော်လွန်ခဲ့တယ်လို့ ဂျပန်ရုပ်သံ NHK က ပြောခဲ့ပါတယ်။