close

ဝေဖန်သူများ မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့ပြီဟု အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက် ပြော

အင်္ဂလန်အသင်းကို ဝေဖန်သူတွေ မှားယွင်းကြောင်း ဂျာမနီကို အနိုင်ယူပြီး သက်သေပြခဲ့ပြီလို့ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်က ပြောပါတယ်။ 

အင်္ဂလန်အသင်းဟာ အုပ်စုတွင်းမှာ ရဂိုး ၂ ဂိုး သာရခဲ့ပြီး ရလဒ်ကောင်းပေမယ့် ခြေစွမ်းပိုင်းအပေါ် ဘောလုံးကျွမ်းကျင်သူတွေနဲ့ ပရိသတ်တွေက အားမလိုအားမရ ဖြစ်ခဲ့ကြတာပါ။ 

ဂျာမနီနဲ့ ၁၆ သင်း အဆင့် ရှုံးထွက်ပွဲစဉ်မှာတော့ စတာလင်၊ ဟာရီကိန်းတို့ရဲ့ ဂိုးတွေနဲ့ အင်္ဂလန်အသင်းနိုင်ပွဲရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ 

ဒက်ကလန်ရိုက်က “အသင်းအပေါ် ဝေဖန်မှုတွေကို ဖတ်ရတော့ ကစားသမားတစ်ဦးအနေနဲ့ ဝေဖန်သူတွေ မှားယွင်းကြောင်းသက်သေပြချင်ခဲ့ပါတယ်။ မယုံနိုင်စရာပါပဲ၊ ခုတော့ လူတွေမှားယွင်းကြောင်း သက်သေပြသနိုင်ခဲ့ပါပြီ။ သတင်းစာရှင်းလင်းပွဲတွေမှာ အရင်က ဂျာမနီ နဲ့ ရလဒ်တွေအကြောင်းကို မေးမြန်းခံခဲ့ရပြီး ဒီနေ့တော့ ကျနော်တို့ သမိုင်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့ပါပြီ” လို့ ဒက်ကလန်ရိုက်က ပွဲအပြီးမှာ ပြောပါတယ်။ 

အင်္ဂလန်အသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း ဂျာမနီအသင်းကို ဝင်ဘာလေကွင်းမှာ ပထမဆုံးအကြိမ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်မှာ ယူကရိန်းအသင်းနဲ့ တွေ့ဆုံပြီး ဇူလိုင် ၄ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up