close

ပြည်မြို့တွင် အတည်ပြုလူနာ ၄၀ ထပ်တိုး၊ ၁ ဦးထပ်မံသေဆုံး

ပဲခူးတိုင်း၊ ပြည်မြို့မှာ ဒီနေ့မနက်ပိုင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀ ဦး ထပ်တိုးပြီးတော့ ကိုဗစ်သံသယနဲ့ လူ ၁ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားသူဟာ ဆင်စုရပ်ကွက်ကဖြစ်ပြီး ဒီနေ့မနက်အစောပိုင်းမှာ ရောဂါအခြေအနေဆိုးလာလို့ ပြည်ဆေးရုံကြီးကို ဆေးခန်းသွားပြပြီး ကိုဗစ်-၁၉ ရောဂါစစ်ဆေးနေချိန်မှာပဲ အောက်ဆီဂျင် မလုံလောက်ဖြစ်ပြီး သေဆုံးသွားခဲ့တာလို့ ကျန်းမာရေးဌာနက သိရပါတယ်။

ပရဟိတအဖွဲ့ဝင် တစ်ဦးက “သေဆုံးသွားသူရဲ့ အတူနေမိသားစုတွေကို စစ်ကြည့်လိုက်တော့လည်း အားလုံး ကိုဗစ်ပေါ့စတစ်ဖြစ်နေတယ်” လို့ ပြောပါတယ်။

ပြည်မြို့ကို စစ်ကောင်စီက မနေ့ကညမှာ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားပြီး ဒီနေ့မနက်မှာတော့ ပြည်မြို့ရဲ့ အဝင်အထွက်ဂိတ်တွေကို ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်မြို့မှာ ဒီကနေ့ နေ့လယ်ပိုင်းအထိ အတည်ပြုလူနာဦးရေ ၂၀၀ နီးပါး၊ ဆေးရုံဆင်းခွင့်ရသူ ၂၄ ဦးနဲ့ သေဆုံးသူ ၈ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up