close

ရွှေလီမြို့၌ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသဖြင့် လော့ဒေါင်းချပြီး ကျောင်းများပိတ်

မြန်မာနယ်စပ်အဝင်ပေါက်က တရုတ်နိုင်ငံ ရွှေလီမြို့မှာ လော့ဒေါင်းချထားပြီး ဒေသခံတွေကို အိမ်ထဲမှာပဲ နေထိုင်ဖို့ တရုတ်အာဏာကပိုင်တွေက မှာကြားထားကာ  ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးကိုလည်း ပိတ်ထားပါတယ်။

နယ်စပ်လုံခြုံရေးကို တင်းကျပ်ထားပေမယ့် ၆ လအတွင်း ကိုဗစ်-၁၉  ရောဂါ အသစ်ကူးစက်ခံရမှုက အမြင့်ဆုံးဖြစ်နေတယ်လို့  ဒီကနေ့ ဇူလိုင် ၇ ရက် တရုတ်အစိုးရ  တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၁၉ နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်းမှာ ပထမဆုံးပေါ်ပေါက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ နယ်နိမိတ်ကန့်သတ်ချက်တွေလုပ်ပြီး ရောဂါပိုးပျံ့နှံ့မှုကို တားဆီးနိုင်ခဲ့ပါတယ်။ 

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ကပ်နေတတဲ့ ရွှေလီမြို့ထဲက ၁၅ ယောက် အပါအဝင် ဇူလိုင် ၇ ရက် မှာ အသစ်ကူးစက်ခံရမှု ၅၇ ယောက် တွေ့ရှိရတာကြောင့် ဒီနှစ် ဇန်နဝါရီလနှောင်းပိုင်းကတည်းက နေ့စဉ်ကူးစက်နှုန်း အမြင့်မားဆုံး ဖြစ်လာတာပါ။

အဲ့ဒီအထဲက ၁၂ ဦးဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ယူနန်ပြည်နယ် ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ 

ရွှေလီမြို့ဟာ  မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကစပြီး အကြမ်းဖက်မှုကနေ လွတ်မြောက်ဖို့ နယ်စပ်မြို့ မူဆယ်ကနေ တရုတ်ပြည်ထဲဝင်ရောက်ဖို့ အဓိကဖြတ်ကူးရာနေရာ ဖြစ်ပါတယ်။ 

တရုတ် အာဏာပိုင်တွေအနေနဲ့ ဗိုင်းရပ်စ် ဝင်လာနိုင်တဲ့ ကွက်လပ်မှန်သမျှကို ပြတ်ပြတ်သားသား ပိတ်ဆို့သွားမယ်လို့  ပြောကြားပါတယ်။

ပြီးခဲ့တဲ့အပတ်က အယောက် ၉၀ လောက် ကိုဗစ်-၁၉ ကူးစက်ခံရတယ်လို့ သတင်းထုတ်ပြန်ခဲ့တဲ့ ရွှေလီမြို့တွင်းမှာ နေထိုင်သူ ၂၁၀၀၀၀  လောက်ကိုလည်း ဇွန်လ ၅ ရက်က စစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Photo-AFP

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up