close

ဘားအံဆေးရုံကြီးတွင် ကိုဗစ်လူနာများလာသဖြင့် ဆရာဝန်လိုအပ်ချက်ရှိနေ

ကရင်ပြည်နယ် ဘားအံမြို့ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြု လူနာများပြားလာတဲ့အတွက် ကုသရေးဆရာဝန် လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်က ဒီဗွီဘီကို ပြောပါတယ်။

ဘားအံဆေးရုံကြီးမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်အင်အား ၃၀ သာရှိပြီး  သီးသန့်လူနာထားရှိတဲ့ (Isolation Unit)မှာ တက်ရောက်နေတဲ့ ကိုဗစ်အတည်ပြုလူနာ ၇၀ ဦးအပြင် အထွေထွေရောဂါနဲ့ အရေးပေါ်လူနာတွေအတွက် ဆရာဝန် လိုအပ်ချက်တွေ ရှိနေတာပါ။ 

"အဓိက က လက်ရှိဝန်ထမ်း အခြေအနေနဲ့ဆိုရင် ကျနော်တို့ ရုန်းကန်းနေရတယ်။ လက်ထောက် ဆရာဝန်ကို ပြင်ပလူနာဌာနလောက်ပဲ ပေးထားရတယ်" လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က ဆိုပါတယ်။

ဇွန် ၂၇ ရက်နေ့က စတင်ပြီး  ကိုဗစ်-၁၉ အတည်ပြုလူနာ များပြားလာပြီး နေရာလုံလောက်မှုမရှိတဲ့အတွက်  ဘားအံတိုင်းရင်းဆေးရုံကြီး ဆေးကုသဆောင်မှာ ပြောင်းရွှေ့ဆေးကုသခံယူနေရတဲ့ လူနာ ၅၀ လောက် ရှိပါတယ်။ 

ကိုဗစ်အတည်ပြုလူနာတွေအတွက် လက်ရှိအတိုင်းအတာအထိ ဆေးဝါးနဲ့ အောက်စီဂျင် လုံလောက်မှု ရှိနေပေမယ့် လူနာတွေ ပြားလာပါက နေရာအခက်အခဲအပြင် ဆေးဝါးနဲ့ အောက်စီဂျင် မလုံလောက်မှုတွေ ရှိလာနိုင်တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။ 

ကရင်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၇၆၀ လောက် ရောဂါကူးစက်ခံထားရပြီး သေဆုံးသူ ၁၀ ဦးကျော် ရှိတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up