close

နေရာတချို့တွင် အတွေ့အကြုံအားနည်းခဲ့ကြောင်း ဂျာမနီနည်းပြ ဂျိုအာချင်လိုး ဝန်ခံ

အင်္ဂလန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ရှုံးထွက်ပွဲစဉ်မှာ ကစားသမားတချို့ အတွေ့အကြုံအားနည်းတာကြောင့် အမှားတချို့လုပ်ဆောင်ခဲ့တယ်လို့ ဂျာမနီနည်းပြ ဂျိုအာချင်လိုးက ပြောပါတယ်။ 

ဂျာမနီအသင်းဟာ အင်္ဂလန်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ 

အင်္ဂလန်နဲ့ ပွဲမှာ ကစားသမားတွေဘက်က အစွမ်းကုန် ပေးဆပ်ကစားခဲ့ပေမယ့်လည်း နေရာတချို့မှာ အတွေ့ အကြုံ အားနည်းမှုတွေရှိခဲ့တယ်လို့ နည်းပြ ဂျိုအာချင်လိုးက ပြောပါတယ်။ 

”ရှုံးထွက်အဆင့်မှာ အမှားတစ်ခုချင်းစီက အဆုံးအဖြတ် ဖြစ်စေပါတယ်။ နေရာတချို့မှာ အတွေ့အကြုံအားနည်းချက်တချို့လည်း ရှိပါတယ်။ ဒီလိုအချက်တွေက ပြစ်ဒဏ်ပေးခံရပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါပဲ။ 

လွန်ခဲ့တဲ့ ၁၅ နှစ်ကို ပြန်ကြည့်ရင် အပေါင်းလက္ခာဏာဆောင်တာတွေ အများကြီးပါ။ ၂၀၁၄ ခုနှစ်က ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တယ်။ ကွန်ဖက်ဒရေးရှင်းဖလားကို လူငယ်သွေးသစ်တွေနဲ့ရတယ်။ ၂၀၁၈ ခုနှစ်ကစပြီး ပြဿနာတချို့ရှိခဲ့ပြီး ဒါတွေကို မေ့ပျောက်ဖို့ အချိန်တချို့လိုအပ်ပါသေးတယ်” လို့ နည်းပြဂျိုအာချင်လိုးက ပြောပါတယ်။

ဂျိုအာချင်လိုးဟာ ၂၀၀၆ ခုနှစ်ကတည်းက ဂျာမနီအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး အခုပြိုင်ပွဲအပြီးမှာ အသင်းနဲ့လမ်းခွဲမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up