ဆိုမာလီယာတွင် အစိုးရယာဉ်တန်း ဗုံးခွဲခံရမှု ၈ ဦးထက်မနည်း သေဆုံး

ဆိုမာလီယာနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးရဲ့ လူစည်ကားရာ လမ်းဆုံမှာ အစိုးရ ယာဉ်တန်းကို အသေခံကားဗုံးခွဲလို့ ဇူလိုင် ၁၀ ရက် လူ ၈ ယောက်ထက် မနည်း သေဆုံးတယ်လို့ မျက်မြင် သက်သေတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေနဲ့ ရဲအရာရှိတွေက ပေါက်ကွဲတဲ့ နေရာကို လာစစ်ဆေးခဲ့ပါတယ်။ ယာဉ်တန်းပေါ်မှာ အကြီးတန်း ရဲအရာရှိ ဖှာဟန်ကာရိုး ပါလာပြီး သူကတော့ အသက်ရှင် ကျန်ရစ်တယ်လို့ ဆိုမာလီ အစိုးရသတင်းဌာနက ကြေညာပါတယ်။
စနေနေ့တိုက်ခိုက်မှုအတွက် အယ်လ်ကေဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ စစ်သွေးကြွ အုပ်စုတွေမှာ တာဝန်ရှိတယ်လို့ စစ်တပ် စစ်ဆင်ရေးပြောခွင့်ရက ပြောပါတယ်။
ဒီအုပ်စုဟာ အစိုးရကို ပြုတ်ကျစေချင်ပြီး နိုင်ငံကို အစ္စလာမစ် ရှရီယာ ဥပဒေရဲ့ ပိုတင်းကြပ်တဲ့ မူနဲ့ အုပ်ချုပ်ဖို့ ကြိုးစားနေတာဖြစ်သလို ဗုံးခွဲ တိုက်ခိုက်တာတွေ မကြာခဏ လုပ်လေ့ ရှိပါတယ်။