ဖလော်ရီဒါ အဆောက်အအုံပြိုကျမှု သေဆုံး ၈၆ ဦးထိ ရှိလာ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဆာ့ဖ်ဆိုဒ်ရပ်ကွက်က အဆောက်အအုံပြိုကျလို့ သေဆုံးသူ ဦးရေဟာ အဆောက်အအုံပြိုကျအပြီး ၁၇ ရက် အကြာမှာ ၈၆ယောက် ရှိသွားပြီလို့ မြို့တော်ဝန်က အတည်ပြုပါတယ်။
ဇွန် ၂၄ ရက်က အဆောက်အအုံ ပြိုကျအပြီးတည်းက ခုထိ ရှင်သန်ကျန်ရစ်သူ တယောက်ကိုမှ အသက်ရှင်လျက် ဆွဲမထုတ်နိုင်ခဲ့ပါဘူး။
သတင်းကောင်းအနေနဲ့ ပြိုကျအဆောက်အအုံထဲက ဘင့်ဇ်လို့ ခေါ်တဲ့ ကြောင်လေးကို အသက်ရှင်လျက် တွေ့ရအပြီး ခုတော့ သူ့မိသားစုနဲ့ ပြန်ဆုံ ဆည်းသွားပါပြီ။
ကြောင်လေး ဘင့်ဇ်ဟာ အဆောက်အအုံ ပြိုမကျခင်က ၉ ထပ်မှာ နေခဲ့တာပါ။ သူ နေနေကျ နေရာနားမှာပဲ ပြန်ရှာတွေ့ခဲ့ပြီး ဒါဟာ သတင်းကောင်း သေးသေးလေးပဲလို့ မိုင်ယာမီ ဒါဒေ မြို့တော်ဝန် ဒါနယ်လာ ကာဗာက ပြောပါတယ်။