close

ရုရှားတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅ ဒသမ ၈၅ သန်းကျော်၊ ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံး အဆင့် ၄ ဖြစ်လာ

ရုရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၅ ဒသမ ၈၅ သန်းကျော်နဲ့ ပြင်သစ်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံးအဆင့် ၄ နေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံး ထိပ်တန်း ၃ နိုင်ငံအနေနဲ့ အမေရိကန်က ရောဂါကူးစက်ခံရသူပေါင်း ၃၄ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၆ သိန်း ၂ သောင်းကျော်၊ အိန္ဒိယက ရောဂါကူးစက်ခံရသူပေါင်း ၃၀ ဒသမ ၉ သန်းကျေိာ်၊ သေဆုံးသူ ၄ သိန်းကျော်၊ ဘရာဇီးနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၁၉ ဒသမ ၁ သန်းကျော်၊ သေဆုံးသူ ၅ သိန်း ၃ သောင်းကျော်စီ အသီးသီးနဲ့ ရပ်တည်နေတာပါ။

လတ်တလော ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံအဆင့် ၄ နေရာမှာ ရှိနေတဲ့ ရုရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၁ သိန်း ၄ သောင်းကျော်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ရုရှားနိုင်ငံနောက်မှာတော့ ပြင်သစ်နိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၅ ဒသမ ၈၂ သန်းကျော်၊ သေဆုံးသူ ၁ သိန်း ၁ သောင်းကျော်နဲ့ ရှိနေတာပါ။

မျိုးဗီဇပြောင်း ဒယ်လ်တာကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ရုရှားနိုင်ငံကတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်မှုအသစ် ၂၄,၇၀၂ ယောက်၊ သေဆုံးမှုအ သစ် ၇၈၀ ယောက်နဲ့ စံချိန်တင်ခဲ့ကာ ပြင်သစ်ကို ကျော်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ရုရှားကိုဗစ်-၁၉ ကာကွယ်ဆေး Sputnik V ကတော့ အိန္ဒိယကာကွယ်ဆေးထုတ်လုပ်သူ Serum Institute နဲ့ ပူးပေါင်းပြီး နှစ်စဉ်ကာကွယ်ဆေးသန်း ၃၀၀ ထုတ်လုပ်နိုင်ဖို့ သဘောတူညီမှု ရရှိထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရောဂါကူးစက်မှုတွေ မြင့်တက်လာတဲ့ ရုရှားနိုင်ငံမှာ လေကြောင်းလိုင်းတွေက လေယာဉ်မှူးတွေ၊ လေယာဉ်အမှုထမ်းတွေအားလုံးကို အချိန် ၇၂ နာရီတိုင်း ကို ဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဖက်ဒရယ်လေကြောင်းပို့ဆောင်ရေး အေဂျင်စီက အမိန့်ထုတ်ပြန်ထားပါတယ်။      

ဒါ့အပြင် လူနေထူထပ်တဲ့ မြို့ကြီးတွေမှာ လူစုလူဝေးနဲ့ စုရုံးသွားလာတာတွေ၊ စားသောက်ဆိုင်တွေ အပါအဝင် ခရီးသွားဧည့်သည်တွေ ဝင်ရောက်ခွင့်တွေ ကန့်သတ်ပိတ်ပင်တာတွေကိုလည်း အရေးတကြီး လုပ်ဆောင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up