close

မင်းတုန်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် ကျန်းမာရေးဝန်ထမ်းအချို့ ထပ်မံကူးစက်ခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံမှာ ကာကွယ်ဆေးထိုးပြီးသား သူနာပြု၊ ဆေးဘက်ဆိုင်ရာနဲ့ အထွေထွေဝန်ထမ်းတွေ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံနေရတယ်လို့ ဆေးရုံဝန်ထမ်းတချို့က ပြောပါတယ်။

ဒီကနေ့ စစ်ဆေးရာမှာ ဆေးရုံဝန်ထမ်း ၃ ဦးထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေထဲက သူနာပြုနဲ့ ဓာတ်မှန်လက်ထောက်အပါအဝင် စုစုပေါင်း ၆ ဦး ရှိပြီလို့ သိရပါတယ်။

ကျန်းမာရေးဝန်ထမ်းတဦးက “မနေ့က စစ်တာတော့ Q တာဝန်ကျသူနာပြု ၂ ဦးထိတာ ဆိုတော့ အားလျော့သွားတာပေါ့” လို့ ပြောပါတယ်။

မင်းတုန်းမြို့နယ်မှာ ကိုဗစ်တတိယလှိုင်းကာလ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က စတင်ကူးစက်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါဟာ ကျေးလက်တွေပါ ပျံ့နှံ့လာပြီလို့ လူမှုကူညီရေး အသင်းသားတဦးက ပြောပါတယ်။

“မဲဇလီကျေးရွာ ၁၄ ဦး အများဆုံးပေါ့။ မြို့အနီးအနားရွာတွေပါ ဆက်ကုန်တာ။ မြို့က ကိုယ့်အသိနဲ့ကိုယ် လော့ဒေါင်းချသလို အပြင်မထွက်ဘဲ နေကြတာ တပတ်ကျော်ပြီ။” 

မင်းတုန်းမြို့မှာ ဇွန်လ ၂၆ ရက်နေ့ကနေ ဇူလိုင် ၁၄ ဒီကနေ့ထိ ပိုးတွေ့လူနာပေါင်း ၁၇၀၊  သေဆုံးသူ ၁ ဦးနဲ့ ရောဂါသက်သာလို့ ဆေးရုံဆင်းသူ ၄၇ ဦး ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up