ဂျာမနီတွင် မိုးကြီးပြီး ရေလွှမ်း

ဂျာမနီနိုင်ငံရဲ့ကြီးမားတဲ့ အစိတ်အပိုင်းတွေမှာ မိုးကြီးလို့ ဇူလိုင် ၁၄ ရက်က ရေလွှမ်း မိုးနေပြီး အိမ်တွေနဲ့ ကားတွေ ပျက်စီးခဲ့ပါတယ်။
ဟာဂံမြို့ အာဏာပိုင်တွေက အပျက်အစီးတွေ အမှိုက်သရိုက်တွေကို ရှင်းလင်းဖို့ စက်ကြီး တွေကို သုံးခဲ့ရပါတယ်။ နော့သ်ရိုင်းဝက်စ်ဖှာလီယာမြို့က ခရိုင်အတော်များများကို ပိတ်ထားရဆဲပါ။
ရေစီးကြောင်းတွေကြောင့် လမ်းတွေက ချောင်းဖြစ်ကုန်ပြီး ရေစီးကြောင့် အိမ်တွေ မပျက်စီး ရအောင် ပြည်သူတွေ ကြိုးစားခဲ့ရပါတယ်။
ရိုင်းမြစ်က ရေလျှံခဲ့လို့ မန်းဟိုင်းမြို့အတွင်း ပန်းခြံတွေ ရေကန် ဖြစ်ပြီး ဘတ်စ်ကက်ဘော ကစားကွင်းတွေထဲမှာ ဘဲတွေ ရေကူးနေကြပါတယ်။
ရေလွှမ်းနေတဲ့ မြေအောက်ခန်းတွေကနေ ရေတွေကို မီးသတ်သမားတွေက စုပ်ထုတ် နေကြပါတယ်။
ဂျာမန်မိုးလေဝသဌာနက ရိုင်းလန်း ပလာတီးနိတ်နဲ့ နော့သ်ရိုင်း ဝက်စ်ဖှာလီယာ ပြည်နယ် အစိတ်အပိုင်းတွေမှာ ဆိုးရွားတဲ့ မိုးလေဝသ သတိပေးချက်ကို ထုတ်ပြန် ထားပါတယ်။ ဒီနေ့အထိ မိုးရေချိန်ဟာ တစ်စတုရန်းမီတာကို ၁၂၀ လီတာထိ ရွာချနိုင်တယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။