close

မိုးကုတ်တွင် Mask မတပ်သူများကို စတင်ဒဏ်ရိုက်

မန္တလေးတိုင်း မိုးကုတ်မြို့မှာ သံသယလူနာတွေကို ကိုဗစ်-၁၉ ပိုးစစ်ဆေးရာမှာ လူနာ ၅၀ ရာခိုင်နှုန်း ပိုးတွေ့နေတာကြောင့် Mask မတပ်သူတွေကို ဇူလိုင် ၁၆ ရက်ကစပြီး ရဲနဲ့စစ်တပ်က ငွေကျပ် ၅၀၀ ဒဏ်ရိုက်နေပြီလို့ မိုးကုတ်မြို့နယ် ကိုဗစ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့က ရဲနဲ့စစ်သားတွေက လှည့်လည်စစ်ဆေးမှာဖြစ်ပြီး mask မတပ်သူတွေကို ဒဏ်ငွေရိုက်မယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့က ဒေသခံတွေက စည်းကမ်းလိုက်နာကြပြီး ၁၀၀ ရာခိုင်နှုန်းမှာ ၉၀ ရာခိုင်နှုန်းလောက် mask တပ်ကြတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာ ပိုးတွေ့လူနာ ၁၉၀ ကျော်၊ သေဆုံးသူ ၂၈ ယောက်ရှိလာပြီး အနံ့မရသူတွေကို ဦးစားပေးစစ်ဆေးရာ ၅၀ ရာခိုင်နှုန်းက ပုံမှန်ပိုးတွေ့နေတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့ အဝင်အထွက်တွေမှာ ကိုဗစ်ဂိတ်တွေ ဖွင့်လှစ်ထားပြီး အရှေ့ပိုင်းမှာ စံတော်ဝင် ကွာရန်တင်း စင်တာနဲ့ အနောက်ပိုင်းမှာ ပညာရင်ခွင်ကိုယ်ပိုင်ကျောင်း၊ ကျပ်ပြင်ဆေးရုံဆောင်အသစ်တွေမှာ ကွာရန်တင်းစင်တာတွေ ဖွင့်လှစ် ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up