close

ကိုဗစ်ကပ်ဘေးကာလ စိတ်ကျရောဂါရပြီး ထိုင်းသူနာပြု ၁ ဦး ဆေးရုံအထပ်မြင့်ပေါ်မှ ခုန်ချသတ် သေ

ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်တွင်းမှာ သူနာပြုအမျိုးသမီးတယောက်ဟာ ကိုဗစ်-၁၉ ကပ်ဘေးကာလတွင်း စိတ်ကျရောဂါရပြီး ဆေးရုံအထပ်မြင့်ပေါ်ကနေ ခုန်ချသေကြောင်း ကြံခဲ့တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ ဇူလိုင် ၁၉ ရက် မနက်ပိုင်းက ဖြစ်ခဲ့တာဖြစ်ပြီး အသက် ၃၄ နှစ်အရွယ် သေဆုံးသူ အမျိုးသမီးဟာ ဆမ်ဖရန်ခရိုင်၊ မက်တာပရာချာရက်ခ်ဆေးရုံ ၄ ထပ်အခန်း လေသာဆောင်ကနေ ခုန်ချခဲ့တာကို စီစီတီဗီမှတ်တမ်းကတဆင့် စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးမှာ ၃ လသားအရွယ် ရင်သွေးလေး ကျန်နေခဲ့ပြီး သူ့ရဲ့ အဖြူရောင် သူနာပြုရှူးဖိနပ်ကိုတော့ ခုန်ချသေကြောင်းကြံခဲ့တဲ့ နေရာမှာပဲ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

 ဆေးရုံ ၄ ထပ်ဆောင်ဟာ ကိုဗစ်-၁၉ လူနာတွေ ထားရှိကုသရာ နေရာဖြစ်ပြီး သူ နာပြုအမျိုးသမီးဟာ အဲဒီနေ့က တာဝန်ကျနေခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့မှာ စိတ်ဖိစီးမှုများတဲ့  လက္ခဏာတွေတွေ့ရပြီး သူ့ဆီကတဆင့် ရင်သွေးလေးဆီ ရောဂါကူးမှာကိုလည်း စိုးရိမ်ပူပန် နေခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး သူ့မှာ ဆေးရုံဆေးခန်းနဲ့ဆိုင်တဲ့ လုပ်ငန်းခွင်ဆိုင်ရာ စိတ်ကျရောဂါမျိုး နဂိုကတည်းက ရှိနေခဲ့ပြီး လာမယ့် ဩဂုတ်လထဲမှာ တခြားဌာနကို ပြောင်းရွှေ့ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူ့ရဲ့ ရုပ်အလောင်းကို ဆီရီရတ်ဂျ်ဆေးရုံ၊ မှုခင်းဆေးပညာ သိပ္ပံဆီ ပို့ဆောင်ထားခဲ့ပြီး လိုအပ်တဲ့ ခွဲစိတ်စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up