close

မိုးကုတ်မြို့တွင် ပရဟိတအသင်းသား ၁၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

မန္တ​လေးတိုင်း၊ မိုးကုတ်မြို့မှာ ဇူလိုင် ၂၀ ရက်​နေ့အထိ  ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ကူညီရင်းနဲ့ လူမှုကူညီရေးအသင်းဝင်   ပရဟိတသမား  ၁၁ ဦး ကိုဗစ်-၁၉ ရာဂါ ကူးစက်ခံထားရပါတယ်။

မြတ်စေတနာလူမှုကူညီရေးအသင်းဝင်  ၄ ဦး ၊ ပါရီလူမှုကူညီရေးအသင်းဝင်  ၆ ဦးနဲ့ မိုးကုတ် Rescue အသင်းဝင် ၁ ဦးတို့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတာဖြစ်ပြီး လက်ရှိမှာ ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့ လူအင်အားလိုအပ်နေကာ အောက်​ဆီဂျင်အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။ 

မိုးကုတ်မြို့ခံ လူမှုကူညီရေးအသင်းသား ၁ ဦးက “ကျနော်တို့ လက်ရှိမြေပြင်မှာတော့ ကူညီနေတုန်းပါပဲ။ ကျနော်တို့ အသင်းသား ဒီနေ့လည်း  နှစ်ယောက် ပိုးထိထားတော့ လူအင်အားနည်းပြီး လူအင်အားလိုအပ်နေတယ်”လို့ ပြောပါတယ်။

မိုးကုတ်မြို့က အောက်​ဆီဂျင်လိုအပ်နေတဲ့ ပြည်သူတွေအတွက် အောက်ဆီဂျင်အိုးတွေကို မန္တလေး၊ တကောင်း ဘက်တွေကနေ သယ်နေရတာဖြစ်ပြီး ခရီးဝေးတာကြောင့် သယ်ယူရတဲ့နေရာတွေမှာ အခက်ခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့မှာ ပိုးတွေ့လူနာများပြားလာပြီး ဇူလိုင် ၂၀ ရက်အထိ  ပိုးတွေ့လူနာ ၂၀၀ ဝန်းကျင်ရှိလာကာ  သေဆုံးသူ အယောက်  ၃​၀ နီးပါးရှိလာတယ်လို့ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up