အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲများစတင် ဘရာဇီး၊ မက္ကစီကိုနှင့် ဂျပန်အသင်းတို့ နိုင်ပွဲရ

တိုကျိုအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု ပွဲစဉ်တွေကို ဇူလိုင် ၂၂ ရက် မနေ့က စတင် ယှဉ်ပြိုင်ကစားကြရာမှာ အုပ်စု (D) မှာ ဘရာဇီးက ဂျာမနီကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဘရာဇီးအတွက် အနိုင်ဂိုးတွေကို အဲဗာတန် တိုက်စစ်မှူး ရစ်ချာလီဆင်က ဟတ်ထရစ် ၃ ဂိုးသွင်းပေးခဲ့ပြီး စတုတ္ထမြောက် အနိုင်ဂိုးကိုတော့ ပေါ်လင်ဟိုက နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့တာပါ။
အုပ်စု (D) တခြားပွဲစဉ် တစ်ခုမှာတော့ အိုင်ဗရီကို့စ်က ဆော်ဒီအာရေဗျကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အုပ်စု (A) မှာ မက္ကစီကိုက ပြင်သစ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အိမ်ရှင် ဂျပန်အသင်းကလည်း တောင်အာဖရိက အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
အုပ်စု (B) မှာ နယူးဇီလန်က တောင်ကိုရီးယားကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ရိုမေးနီးယား အသင်းကလည်း ဟွန်ဒူးရပ်စ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
အုပ်စု (C) မှာတော့ ဩတြေးလျက အာဂျင်တီးနားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး အီဂျစ်အသင်းနဲ့ စပိန် အသင်းတွေ ဂိုးမရှိသရေကျသွားပါတယ်။
တိုကျို အိုလံပစ်ပြိုင်ပွဲ တရားဝင်ဖွင့်ပွဲကို ဒီကနေ့ ဇူလိုင် ၂၃ ရက်နေ့မှာ ကျင်းပဖို့ရှိပြီး ဖွင့်ပွဲမတိုင်ခင် ဘောလုံးပွဲတွေကို ကြိုတင်ကျင်းပနေတာဖြစ်ပါတယ်။