လိုကာတယ်လီအတွက် အာဆင်နယ်တရားဝင်ကမ်းလှမ်းခဲ့ဟု ဆက်ဆူအိုလိုအသင်းအတည်ပြု

အာဆင်နယ်အသင်းဟာ အီတလီကွင်းလယ်လူ လိုကာတယ်လီကိုခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းခဲ့ ကြောင်း ဆက်ဆူအိုလိုအသင်းကအတည်ပြုပါတယ်။
ကွင်းလယ်လူ လိုကာတယ်လီဟာ ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြသခဲ့ပြီးနောက် အာဆင်နယ်အသင်းအပြင် ဂျူဗင်တပ်အသင်းကလည်းခေါ်ယူလိုတာ ဖြစ်ပါတယ်။
လိုကာတယ်လီဘက်ကတော့ ဂျူဗင်တပ်အသင်းဆီပြောင်းရွှေ့လိုနေပြီး မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးမရဘူးဆိုရင်တော့ ပေးနိုင်တဲ့အသင်းကိုသာရောင်းချမယ်လို့ ဆက်ဆူအိုလို အသင်း အရာရှိချုပ် ကာနီဗယ်လီကပြောပါတယ်။
“လိုကာတယ်လီအတွက် မနက်ဖြန်မှာ ဂျူဗင်တပ်အသင်းနဲ့ တိုက်ရိုက် ဆွေးနွေး သွားမှာဖြစ်ပါတယ်။ သူက ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ချင်နေပါတယ်။ ဂျူဗင်တပ်အသင်းကို ရောင်းချချင်ပေမယ့်လည်း သူတို့အနေနဲ့ သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးပေးဖို့လို ပါတယ်။ ထိုက်သင့်တဲ့စျေးမရရင်တော့ သူ့ကို ဆက်ထိန်းသွားမှာပါ။ အာဆင်နယ်က သူ့ကိုခေါ်ယူဖို့ ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ တခြားအင်္ဂလိပ်အသင်းတစ်သင်းကလည်း ပြေးလမ်းမှာ ပါဝင်လာပါပြီ” လို့ ဆက်ဆူအိုလိုအရာရှိချုပ် ကာနီဗယ်လီ ကပြောပါတယ်။
အသက်၂၃နှစ်ရှိ လိုကာတယ်လီအတွက် အာဆင်နယ်ကပေါင် ၃၄ သန်းနဲ့ကမ်းလှမ်းခဲ့ပြီး ဆက်ဆူအိုလိုဘက် ကတော့ ပေါင်သန်း ၅၀ လောက် စျေးနူန်းသတ်မှတ်ထားပါတယ်။