အီတလီ ကိုမိုရေကန်အနီး မြို့များတွင် ရေကြီးမြေပြို

အီတလီနိုင်ငံမြောက်ပိုင်းမှာ မိုးတွေ သည်းကြီးမည်းကြီး ဆက်တိုက်ရွာနေလို့ ဇူလိုင် ၂၇ ရက်မှာ ကိုမိုရေကန်ကြီးရဲ့ ပတ်လည်က မြို့တွေမှာ မြေပြိုတာနဲ့ ရေကြီးတာတွေ ဖြစ်ခဲ့ပါတယ်။
ဒီနေရာဟာ အီတလီနိုင်ငံသားတွေ အတွက်သာမက ကမ္ဘာလှည့် ခရီးသည်တွေ အတွက်ပါ လူကြိုက်များတဲ့ အားလပ်ရက် အပန်းဖြေစခန်းလည်း ဖြစ်ပါတယ်။
မြေပြိုလို့ အိမ်ထဲမှာ ပိတ်မိနေတဲ့ သက်ကြီးအမျိုးသမီး တယောက်ကို မီးသတ် တပ်ဖွဲ့ဝင်တွေက ဘေးကင်းရာ ရွှေ့ပြောင်းနေပုံ ဓာတ်ပုံတွေကိုလည်း အီတာလျံ မီးသတ်တပ်ဖွဲ့က ဖြန့်ချိခဲ့ပါတယ်။
သီတင်းပတ်ကုန်ရက်က အီတလီတောင်ပိုင်းမှာ တောမီးတွေ လောင်ပြီး ပူပြင်းတဲ့ ရာသီဥတုကို ခံစားရအပြီးမှာ ဆိုးရွားတဲ့ ရာသီဥတု ရောက်လာခဲ့တာပါ။
တောမီးကြောင့် ဆာဒီနီယာကျွန်း ပျက်စီးခဲ့ပြီး ကိုမိုရေကန်နားက ဘလေဗီယိုမြို့မှာလည်း ဇူလိုင် ၂၅ ရက်က မြေပြိုခဲ့ပါတယ်။