ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အားလပ်ရက်အပြီး ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရသူ ပိုများလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် ဒယ်လ်တာ ဗီဇမျိုးကွဲကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံ လူဦးရေဟာ ခုန်တက်သွားတယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြပါတယ်။
ဇူလိုင်လတုန်းက အိဒ်အယ်လ်ဖစ် အားလပ်ရက်အတွက် အသွားအလာ ပိတ်ဆို့ကန့်သတ်ချက်ကို ရပ်ဆိုင်းပေးခဲ့လို့ ခုလိုဖြစ်တာလို့လည်း ဆိုပါတယ်။
လူနာတင်ကားတွေဟာ ဒါကာမြို့တော်က ဒေသခံတွေကိုသာမက တခြားဒေသက ဖျားနာနေတဲ့ လူတွေကိုပါ သယ်ပို့နေရတာပါ။
ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ဇူလိုင် ၂၃ ရက်ကစပြီး ၁၅ ရက်ကြာ အသွားအလာ ပိတ်ဆို့ ကန့်သတ်ချက် လော့ဒေါင်းကို အမိန့်ထုတ်ထားပါတယ်။
ဒါကြောင့် ဆင်းရဲသူ၊ အလုပ်လက်မဲ့နဲ့ နေ့စားလုပ်သားတွေဟာ နေ့စဉ်အသုံးစရိတ် ကာမိအောင် ရုန်းကန်နေရပါတယ်။ တချို့ကတော့ ပေးကမ်းစွန့်ကြဲတဲ့ အစားအစာတွေကိုသာ မှီခိုနေရပါတယ်။
ဇူလိုင် ၃၁ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံ သေဆုံးသူ ဦးရေ ၂၀,၆၈၅ ယောက်ရှိပြီး စုစုပေါင်း ကူးစက်ခံဦးရေကတော့ ၁,၂၄၉,၄၉၄ ယောက် ရှိနေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။