close

ကျေးရွာအုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကြရန် ထန်းထပင် PDF သတိပေး

ပဲခူးတိုင်း ထန်းတပင်မြို့မှာရှိတဲ့  ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဩဂုတ် ၅ ရက် နောက်ဆုံးထား ရာထူးတာဝန်ကနေ  နုတ်ထွက်ကြဖို့ ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေး ကြေညာလိုက်ပါတယ်။

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို အဓိက အထောက်အပံ့ပေးနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအားလုံး ဩဂုတ် ၅ ရက် နောက်ဆုံးထား နုတ်ထွက်ကြဖို့နဲ့ ဆက်လုပ်နေမယ်ဆိုရင် အသက်အန္တရာယ်ကို တာဝန်မယူဘူးလို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် ကိုဗစ်ကြောင့် အသွားအလာကန့်သတ်ထားတာကို အခွင့်ကောင်းယူပြီး ကုန်ဈေးနှုန်းတွေ အဆမတန် အမြတ်တင်ရောင်း တာကိုလည်း ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တောင်ငူ-ထန်းတပင်တံတားကို ဇူလိုင် ၉ ရက်လောက်ကစလို့ စစ်ကောင်စီက ပိတ်ထားပြီး ကျန်းမာရေးကိစ္စဲနဲ့ပဲ ဖြတ်သန်းခွင့်ပြုထားတာ ဖြစ်ပါတယ်။

ဒေသခံတစ်ယောက်က “ကျန်းမာရေးကိစ္စတွေပဲ ဖြတ်ခွင့်ပြုတယ်။ ကျန်တဲ့ ကိစ္စတွေဆို မရဘူး။ ပေးမသွားဘူး။ ကျန်းမာရေးကိစ္စနဲ့ သွားရင်တောင် လူနာတင်ယာဉ်နဲ့မှ ဖြတ်ခွင့်ပြုတယ်။ ရိုးရိုးကားနဲ့ကျန်းမာရေး ကိစ္စသွားရင် ပေးမဖြတ်ဘူး။ ဒီဘက်က တောင်ငူမြို့ကို သွားဖို့ လိုတဲ့သူ တွေ တအား ဒုက္ခရောက်တယ်။ ဇရပ်ကြီး၊ ကင်ပွန်းခြုံဘက်က မြို့ဆိုးလမ်းကနေတော့ အုတ်တွင်း ဘက်ကို သွားလို့ရသေးတယ်” လို့ ဆိုပါတယ်။

ကိုဗစ်ကာလ ထန်းတပင်မှာ ကြက်ဥတလုံးကို ကျပ် ၁၇၀ လောက်ထိ ပေးဝယ်နေရသလို တခြားကုန်ပစ္စည်းတွေ အားလုံးလည်း ဈေးတက်လာတယ်လို့လည်း  ဒေသခံတစ်ယောက်က ပြောပါတယ်။

ကျန်းမာရေးအတွက် တခြားမြို့ကို သွားခွင့်ပြုထားပေမဲ့ ရွာတွေမှာ ကိုဗစ်ဖြစ်ရင်လည်း အိမ်မှာကုသကြတာ ပိုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။  ဒါအပြင် ကွာရန်တင်းစင်တာတွေ ရှိပေမဲ့ သန့်ရှင်းမှု မရှိ ၊ ဂရုစိုက်မှု မရှိတာတွေကြောင့် ရွာသားတွေ မသွားဘဲ အိမ်မှာနေကြတာက ပိုများတယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up