ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာသည့် ရွှေ့ပြောင်းမြန်မာ ၈ ဦးဖမ်းမိ ၊ ၃ ဦး ကိုဗစ်ပိုးတွေ့

ကရင်ပြည်နယ်၊ မြဝတီမြို့ကတဆင့် ထိုင်းနိုင်ငံကို တရားမဝင်သွားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၈ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က သြဂုတ် ၇ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အဆိုပါ ဖမ်းဆီးရမိသူတွေထဲက ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ထိုင်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားတွကို ထိုင်းနိုင်ငံသားပွဲစားက တစ်ဦးလျှင် ဘတ်ငွေ ၃၀၀၀ ပွဲစားခယူပြီး မြဝတီကတစ်ဆင့် မဲဆောက် မြောက်ဘက် ၃ မိုင်လောက်အကွာ မယ်လမတ်လမ်း တောတောင်လမ်းအတိုင်း ခေါ်ဆောင်သွားခဲ့တာပါ။
တောတွင်းက မိုးရွာသွန်းမှုများတဲ့အတွက် လမ်းခရီးမှာ ကားသွားမရတော့တဲ့အချိန် ထိုင်းပြည်သူတစ်ဦးက သတင်းပေးတာကြောင့် ထိုင်းလုံခြုံရေးတာဝန်ရှိသူတွေက သွားရောက်စစ်ဆေးချိန် ထိုင်းနိုင်ငံဝင်ခွင့် အထောက်ထားမပါတဲ့အတွက် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
သူတို့ကို ခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသားကိုလည်း အဆိုပါနေ့ ၁၁ နာရီအချိန်လောက်မှာဘဲ ဖဝေါ်တိုက်နယ်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးအရေးယူထားပါတယ်။