close

တရုတ်အလုပ်သမား ၉ ဦး သေဆုံးမှု အစ္စလာမ် စစ်သွေးကြွလက်ချက်ဟု ပါကစ္စတန်စွပ်စွဲ

ပြီးခဲ့တဲ့လက တရုတ်အလုပ်သမား ၉ ဦး သေဆုံးခဲ့တဲ့ ဘတ်စ်ကားတိုက်ခိုက်မှုဟာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပြီး ဒါကို အိန္ဒိယနဲ့အာဖဂန် ထောက်လှမ်းရေးအေဂျင်စီတွေ ကျောထောက်နောက်ခံပြုထားတဲ့ အစ္စလာမ်မစ်စစ်သွေးကြွတွေက လုပ်ဆောင်တာလို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရှာမာမွတ်ကွာရှီက S သြဂုတ် ၁၂  ရက်မှာ ပြောပါတယ်။

စုံစမ်းထောက်လှမ်းမှုအရ အိန္ဒိယရဲ့ နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီ RAW အဖွဲ့နဲ့ အာဖဂန်နစ္စတန်ရဲ့ အမျိုးသားလုံခြုံရေးဌာန NDS တို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုဖြစ်တယ်လို့ ပြနေ ကြောင်း ဝန်ကြီးက ပြောပါတယ်။ 

ပေါက်ကွဲမှုဟာ ပါကစ္စတန်မြောက်ပိုင်းရှိ ဆည်ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို တရုတ် အလုပ်သမားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

အိမ်နီးချင်းနှစ်နိုင်ငံမှ ထောက်လှမ်းရေးအေဂျင်စီတွေ ပါ၀င်ပတ်သက်နေတယ်ဆိုတဲ့ အခိုင်အမာ ပြောကြားချက်အတွက် ပါကစ္စတန်မှာ အချက်အလက်အထောက်အထားတွေ ရှိနေတယ်လို့လည်း ထိပ်တန်းစုံစမ်းစစ်ဆေးရေးမှူး တစ်ယောက်နဲ့အတူ အစ္စလာမ်မာဘတ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

ဒီပြောကြားချက်အပေါ် အိန္ဒိယနဲ့အာဖဂန်နိုင်ငံခြားရေး၀န်ကြီးဌာနများမှ တာဝန်ရှိသူတွေကို ချက်ချင်းမှတ်ချက်တောင်းခံဖို့ ဆက်သွယ်လို့ မရသေးပါဘူး။

အယ်လ်ကေးဒါးနဲ့ အိုက်အက်စ်တို့နဲ့ ဆက်နွှယ်နေတဲ့ စစ်သွေးကြွအုပ်စုတွေရဲ့ လှုပ်ရှားမှုအဖြစ် ပါကစ္စတန်တာလီဘန် စစ်သွေးကြွအဖွဲ့ (TTP) က အိန္ဒိယနဲ့အာဖဂန် ထောက်လှမ်းရေးအေဂျင်စီနှစ်ခုရဲ့ ကျောထောက်နောက်ခံနဲ့ ဇူလိုင် ၁၄ ရက်က တိုက်ခိုက်ခဲ့တယ်လို့ ဝန်ကြီးကွာရှီက ပြောပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up