အာဆင်နယ်အသင်း ပုံပြင်ဟောင်းအတိုင်း ထပ်ကြုံနေရပြန်ဟု ကာရေဂါ ဝေဖန်

အာဆင်နယ်အသင်းဟာ ရာသီသစ်ပွဲစဉ် ရောက်နေပေမယ့် ပုံပြင်ဟောင်းအတိုင်း ထပ်ကြုံနေရပြန်တယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက ဝေဖန်ပါတယ်။
အာဆင်နယ်အသင်းဟာ မနေ့ညက ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ရူံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးနောက်ခံလူဟောင်း ကာရေဂါဟာ ဘရန့်ဖို့ဒ်နဲ့ အာဆင်နယ်ပွဲစဉ်ကို စကိုင်းစပေါ့ကနေ သုံးသပ်တင်ဆက်ခဲ့ပြီး အာဆင်နယ်အသင်းရဲ့ခြေစွမ်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။
ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ဟာ အာဆင်နယ်အသင်း ဂိုးဧရိယာထဲကို ဘောလုံးပေးပို့နိုင်မယ်ဆို ရင် ဂိုးရမယ်ဆိုတာ သိရှိသူဖြစ်တယ်လို့ ကာရေဂါက ပြောပါတယ်။
အာဆင်နယ်ခံစစ်ပိုင်းကတော့ အားနည်းလွန်းပြီး အရင်နှစ်တွေကအတိုင်း မပြောင်းမလဲဖြစ်နေသေးတယ်လို့ ကာရေဂါက ပြောပါတယ်။
ဘရန့်ဖို့ဒ်ရဲ့ ဒုတိယဂိုးဆိုရင် ဂိုးသမားဘာမှ မလူပ်နိုင်ခဲ့သလို ဘင်ဝှိုက်၊ ပါဘလိုမာရီနဲ့ ချန်ဘာတို့ဟာလည်း ဘယ်ရောက်နေမှန်းတောင် မသိခဲ့ကြောင်း ကာရေဂါက ဝေဖန်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်ပွဲစဉ်တွေမှာ ချဲလ်ဆီး၊ မန်စီးတီးအသင်းတွေနဲ့ ဆက်တိုက်ကစားရမှာဖြစ်ပြီး နည်းပြအာတီတာအတွက် ပြဿနာတွေ ရှိလာနိုင်တယ်လို့ ကာရေဂါက သုံးသပ်ခဲ့ပါတယ်။