ချဲလ်ဆီး ပြောင်းမည့် လူကာကူကို ငွေမက်သူဟု အင်တာပရိသတ်များ ဝေဖန်

ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့လုပ်ဆောင်နေတဲ့ လူကာကူကို ငွေကြေးမက်သူလို့ အင်တာမီလန်အသင်းပရိသတ်တွေက ပြစ်တင်ဝေဖန်နေပါတယ်။
အင်တာမီလန်တိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့ဖို့အတွက် လန်ဒန်ကို ရောက်ရှိနေတာပါ။ မကြာခင်မှာ အပြောင်း အရွှေ့ အပြီးသတ်ဖို့ရှိနေတဲ့ လူကာကူနဲ့ ပတ်သက်ပြီး အင်တာမီလန်ပရိသတ်တွေက လူမူကွန်ရက်စာမျက်နှာတွေကနေတစ်ဆင့် ဝေဖန်ခဲ့ကြတာပါ။
မန်ယူနိုက်တက်ကနေအသင်းကို ရောက်ရှိလာချိန်မှာ မိသားစုဝင် တစ်ဦးလို ကြိုဆိုပြီး အားပေးခဲ့ပေမယ့် လူကာကူဟာ သူ့ကိုယ်သူ ငွေမက်သူဖြစ်ကြောင်း သက်သေပြနေတယ်လို့ အင်တာမီလန်ပရိသတ်တွေရဲ့ လူမူကွန်ရက် Group တစ်ခုမှာ ဝေဖန်ခဲ့ပါတယ်။
အသက် ၂၈ နှစ်ရှိ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့ရာသီက သွင်းဂိုး ၃၀ သွင်းခဲ့ပြီး စီးရီးအေချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
အင်တာမီလန်ဟာ အခုနှစ်ရာသီအတွက် ဘဏ္ဍာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး နည်းပြကွန်တီအပါအဝင် နာမည်ကြီး ကစားသမားတွေနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ အသင်းပိုင်ရှင်ကိုလည်း အင်တာပရိသတ်တွေက ဝေဖန်ပါတယ်။
လူကာကူဟာ အင်တာမီလန်မှာ အခွန်ဆောင်ပြီး တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၄ သောင်းခန့်ရရှိပြီး ချဲလ်ဆီးမှာတော့ ပေါင် ၃ သိန်းခွဲရရှိမှာဖြစ်ပြီး အခွန်ဆောင်ပြီး နောက် ပေါင် ၂ သိန်းခန့်ရရှိမှာဖြစ် တယ်လို့ သိရပါတယ်။