အီတလီနိုင်ငံ စစ္စလီကျွန်းတွင် မီးရှို့သူဟု သံသယရှိသူ ၂ ဦးကို ဖမ်းဆီး

အီတလီနိုင်ငံ၊ စစ္စလီကျွန်းရဲ့ ဘူခယ်ရီမြို့မှာ မီးရှို့တယ်လို့ သံသယရှိသူ အမျိုးသား ၂ ယောက်ကို သြဂုတ် ၁၄ ရက်မှာ အီတလီစစ်ရဲတပ်ဖွဲ့တွေ ဖမ်းဆီးခဲ့ပါတယ်။
ဒေသခံတပ်ဖွဲ့တွေက ထုတ်ပြန်တဲ့ ဒရုန်းဗီဒီယိုဖိုင်မှာ မီးထဲပါသွားတဲ့ မြေအကျယ်အဝန်းနဲ့ မီးတောက်တွေကြောင့် မည်းမှောင်နေတာကို မြင်တွေ့ရပါတယ်။
အဲဒီဗီဒီယိုထဲမှာ ကွင်းပြင်ထဲ ဝှက်ထားတဲ့ ရိုင်ဖယ်သေနတ်နဲ့ မီးရှို့သူတွေ မီးလောင် ကျွမ်းစေဖို့ သုံးစွဲတဲ့ ကားတစ်စီးထဲက ဓာတ်ဆီပုံးကို ရှာဖွေတွေ့ရှိတဲ့အခိုက်အတန့်ကို ပြထား ပါတယ်။
ဒေသခံလက်နက်ကိုင်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သံသယရှိသူ ၂ ဦးဟာ အပူချိန်မြင့်မားမယ့် ရာသီဥတုခန့်မှန်းချက်ကို အခွင့်ကောင်းယူပြီး သြဂုတ်လ ၁၅ ရက်မှာ မီးရှို့ဖို့ စီစဉ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ္စလီရှိ စောင့်ကြည့်ရေးဌာနဟာ သြဂုတ် ၁၁ ရက်က ဥရောပသမိုင်းမှာ အမြင့်ဆုံး အပူချိန်ဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေ ယူဆကြတဲ့ အပူချိန် ၄၈ ဒသမ ၈ စင်တီဂရိတ် (၁၁၉.၈၄ ဖာရင်ဟိုက်) ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။