close

မန္တလေးတွင် ကိုဗစ်-၁၉ လူနာနှင့် သံသယလူနာ ၁၅ ဦး သေဆုံး

မန္တလေးမြို့မှာ သြဂုတ် ၁၅ ရက်က သံဃာတော်တစ်ပါး အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယလူနာ ၁၅ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းထံက သိရပါတယ်။

မန္တလေးဆေးရုံကြီးရင်ခွဲရုံမှ ၆ ဦး၊ ခုတင် ၃၀၀ သင်ကြားရေးဆေးရုံမှ ကိုဗစ်လူနာ ၂ ဦး၊ ခုတင် ၅၀၀ အရိုးဆေးရုံမှ ကိုဗစ်လူနာ ၁ ဦး၊ အလုပ်သမားဆေးရုံမှ ကိုဗစ်သံယယလူနာ ၁ ဦး၊ အရပ်ထဲမှာ ကိုဗစ်လူနာ ၁ ဦး နဲ့ သံသယရှိသူ ၄ ဦး သေဆုံးခဲ့ရာ မြို့ခံပရဟိတအဖွဲ့တွေက အေးရိပ်ငြိမ်သုသာန် နှင့် တောင်အင်းမြောက်အင်းသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ 

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပါတယ်။

သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေ ဖြစ်ပြီး ဆေးခန်းမပြသနိုင်တာ၊ ဆေးဝါးအခက်အခဲ၊ အောက်ဆီဂျင်အခက်အခဲတို့ကြောင့် သေဆုံးကြတာပါ။

မန္တလေးမြို့မှာ သြဂုတ် ၁ ရက်မှ ၁၄ ရက်နေ့ထိ ကိုဗစ်လူနာနဲ့ သံသယရှိသူ ၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းထံက သိရပါတယ်။

ဇူလိုင်လတစ်လအတွင်း  တစ်ရက်လျှင် ကိုဗစ်လူနာ အယောက်  ၈၀ ကျော် သေဆုံးမှု ရှိခဲ့ပြီး ကိုဗစ်လူနာနဲ့ သံသယရှိသူ ၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up