မက္ကစီကိုစီးတီး၌ လူနေအဆောက်အအုံ ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

မက္ကစီကိုနိုင်ငံရဲ့ မြို့တော် မက္ကစီကိုစီးတီးရှိ လူနေအဆောက်အအုံ တစ်လုံးမှာ သြဂုတ် ၁၆ ရက်က ဓာတ်ငွေ့ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ခဲ့လို့ လူတယောက်သေဆုံးပြီး ၂၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် အဆောက်အအုံရဲ့ ကြံ့ခိုင်မှုကို ထိခိုက်နိုင်လို့ ကယ်ဆယ်ရေးသမားတွေနဲ့ ရဲအရာရှိတွေက အဲဒီတိုက်မှာ နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အနားက အဆောက်အအုံတွေကိုလည်း ကြိုတင်သတိထားတဲ့အနေနဲ့ စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် အိမ်ပျက်စီးသွားတဲ့ လူတွေကို လိုအပ်တာအားလုံး ပံ့ပိုးပေးဖို့ ဒေသန္တရ အရာရှိတွေက ကတိပြုထားပြီး ဓာတ်ငွေ့ယိုစိမ့်ရတဲ့ အကြောင်းရင်းကို အစိုးရရှေ့နေရုံးနဲ့ ပညာရှင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။