close

အသုတ်မြို့တွင် ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

ရေကြည်မြို့နယ် အသုတ်မြို့မှာ သြဂုတ်လ ၁၈ ရက်​နေ့ မနက်ပိုင်းမှာ စစ်တပ်သတင်း​ပေး ဦး၀င်းနိုင်ဦး ​သေနတ်နဲ့ ပစ်ခံ​ရတာကြောင့် သေဆုံး​သွားတယ်လို့ အသုတ်မြို့ခံတွေက ပြောပါတယ်။

ဦး၀င်းနိုင်ဦးဟာ အသုတ်မြို့မှာ ဆိုင်ကယ်အရောင်းအဝယ်အလုပ်သူဖြစ်ပြီးသြဂုတ်လ ၁၈ ရက်​နေ့ မနက် ၇ နာရီခွဲလောက်က ဆိုင်ရှေ့မှာ ထိုင်နေချိန် အမည်မသိလက်နက်ကိုင်အဖွဲ့က ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်သွားတာလို့ အသုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

"အသုတ်မှာ စစ်တပ်သတင်း​ပေးသူ​ပေါ့။ သူက ​နွေဦး​တော်လှန်​ရေး လှုပ်ရှားမှု​တွေနဲ့ ပတ်သက်ပြီး တပ်သတင်း​ပေးလုပ်​နေတာ။ ​​သေနတ်ပစ်ခံရပြီး နှလုံးထိတယ်။ ​​​ဆေးရုံမှာ ဆုံးတယ်၊ ဒလန်​ ​သေနတ်နဲ့ပစ်ခံရတာ အသုတ်မှာပထမဆုံးအကြိမ်၊ သူ့ဆိုင်မှာ အရင်လက ဗုံးကွဲတာလည်း ဖြစ်တယ်" လို့ ​ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်တပ်နဲ့ရဲတွေ လုံခြုံ​ရေးတင်းကျပ်စစ်​ဆေးတာတွေ လုပ်​နေ​ကြောင်း သိရှိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up