close

တော်လှန်ရေးအတွက် ကန်ဒေါ်လာ ၅ သန်းကမ်ပိန်းအလှူ ပါဝင်နိုင်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၂ ရက်က စတင်ကာ တော်လှန်ရေးအတွက် အမေရိကန် ဒေါ်လာ ၅ သန်း ပမာဏရှိ Raffle Ticket အလှူငွေကောက်ခံရောင်းချနေပါတယ်။

“ယုံကြည်ရာ ခြေတစ်လှမ်း၊ တော်လှန်ရေးအတွက် ငါးသန်း”လို့ အမည်ပေးထားတဲ့ ဒီ Challenge Campaign မှာ အမေရိကန်ဒေါ်လာ ၅ သန်းကို သြဂုတ်လအတွင်း ပြည့်မီအောင် ကမ္ဘာအနှံ့မှာ ရှိတဲ့ CRPH - OFP Fundraisers တွေက အလှူငွေကောက်ခံပေး သွားမှာဖြစ်ကာ ရရှိလာတဲ့ အလှူငွေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဦးစီးပြီး မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက ပါဝင်နေကြတဲ့ ပြည်သူနဲ့ လူငယ်တွေရဲ့ စားဝတ်နေရေးနဲ့ တခြားသော လို အပ်ချက်တွေကို ကူညီထောက်ပံ့နိုင်ဖို့ ပြန်လည် ခွဲဝေပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ဒီ Challenge Campaign ဟာ အောင်လံလွှင့်ချီနွေဦးထီနဲ့ လုံးဝသက်ဆိုင်ခြင်း မရှိဘဲ ဒီအစီအစဉ်မှာ ပါဝင်လှူဒါန်းကြမယ့် ပြည်သူတွေကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ လည်း Raffle Ticket တွေကို သြဂုတ်လ လကုန်ပိုင်းကာလမှာ မဲနှိုက်ပေးပြီး တော်လှန်ရေး အမှတ်တရ ပန်းချီကားနဲ့ တခြားပစ္စည်းလေးတွေကို မဲဖောက်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

Raffle Ticket တစ်စောင်ကို အခြေခံအားဖြင့် အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာ သတ်မှတ်ထားပြီး Ticket နှုန်းထားတွေဟာ မိမိတို့နေထိုင်ရာနိုင်ငံအလိုက် အသုံးပြုတဲ့ ငွေကြေးနဲ့ ငွေကြေးလဲလှယ်နှုန်းပေါ်မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ 

စစ်ကောင်စီရဲ့ မတရားဖိနှိပ်မှုအောက်မှာ နေထိုင်နေရသည့်တိုင်အောင် အုပ်တချပ် သဲတပွင့် ပါဝင်လှူဒါန်းလိုသူ မြန်မာနိုင်ငံထဲက ပြည်သူတွေအတွက် Raffle Ticket ကို တော့ အထူးစျေးနှုန်း မြန်မာငွေတသောင်းကျပ် သတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်။ 

မြန်မာပြည်တွင်းက ဒီ Challenge Campaign မှာ ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ တရားဝင် Fundraisers တွေ ဖြစ်ကြတဲ့ We Pledge CDM ၊ GenY For Revolution ၊ Citizen of Burma Award Organization (ပြည်သူ့ဂုဏ်ရည်အသင်း) ၊  Zack & Friends [email protected] တို့ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

အလှူရှင်တွေအနေနဲ့ တယောက်ကို Raffle Ticket ဝယ်ယူခွင့်အရေအတွက် ကန့် သတ်ထားခြင်းမရှိပဲ မိမိတို့ လှူဒါန်းတဲ့ ငွေပမာဏနဲ့ ကိုက်ညီတဲ့ Raffle Ticket အရေ အတွက်ကို သက်ဆိုင်ရာ Fundraiser တွေက ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ရည်မှန်းထားတဲ့ အလှူငွေပမာဏ အမေရိကန်ဒေါ်လာ ၅ သန်းပြည့်မီသွားတဲ့ အ ချိန်မှာ အလှူရှင်တွေအတွက် အထူးတုံ့ပြန်ပေးတဲ့အနေနဲ့ Raffle Ticket နံပါတ်တွေကို မဲဖောက်ပေးပြီး တော်လှန်ရေး အမှတ်တရလေးပစ္စည်းလေးတွေကို ဆုမဲအဖြစ် ပြန်လည် ပေးအပ်သွားမှာဖြစ်ပြီး ဒီကမ်ပိန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို တော့ CRPH - OFP Fundraising Program ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် အချိန်နဲ့ တပြေးညီထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up