ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၂၁၀ ကျော်လာ

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သန်း ၂၁၀ ကျော် လာခဲ့ပြီး သန်းချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၃၃ နိုင်ငံထိ ရှိလာပါတယ်။
တကမ္ဘာလုံးအတိုင်းအတာနဲ့ သေဆုံးသူအရေအတွက်ကတော့ ၄ ဒသမ ၄ သန်း ကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ ၁၈၈ ဒသမ ၂ သန်း ကျော် ရှိနေတာပါ။
ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၈ သန်းကျော်၊ သေဆုံးသူ ၆ သိန်း ၄ သောင်းကျော် ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယ နိုင်ငံက ကူးစက်ခံရသူ ၃၂ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၃ သောင်းကျော်နဲ့ ရှိပါတယ်။
တတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀ ဒသ မ ၄ သန်းကျော်၊ သေဆုံးသူ ၅ သိန်း ၇ သောင်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။
အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ပြင်သစ်၊ ယူကေနဲ့ တူရကီနိုင်ငံတွေက ကူးစက် ခံရသူ ၆ သန်းကျော်၊ အာဂျင်တီးနားနိုင်ငံက ကူးစက်ခံရသူ ၅ သန်းကျော်၊ ကိုလံဘီယာ၊ စပိန်၊ အီရန်နဲ့ အီတလီနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်းကျော်၊ အင်ဒိုနီးရှား၊ ဂျာမနီနဲ့ မက္ကဆီကိုနိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်၊ ပိုလန်၊ တောင်အာဖရိက၊ ယူကရိန်းနဲ့ ပီရူးနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေပါတယ်။
အဲဒီနောက်မှာတော့ နယ်သာလန်၊ အီရတ်၊ ဖိလစ်ပိုင်၊ ချက်သမ္မတနိုင်ငံ၊ ချီလီ၊ မ လေးရှား၊ ကနေဒါ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ဘယ်လ်ဂျီယမ်၊ ဆွီဒင်၊ ပါကစ္စတန်၊ ရိုမေးနီး ယားနဲ့ ပေါ်တူဂီနိုင်ငံတွေမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၃၃ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။
ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၄ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံ အလိုက် အမှတ်စဉ် ၁၀၇ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။
အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အ မြင့်ဆုံးနိုင်ငံတွေအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေနဲ့အတူ မလေးရှားနိုင်ငံမှာပါ ရော ဂါကူးစက်ခံရသူ ၁ သန်းကျော်ခဲ့ပြီ ဖြစ်တာမို့ စုစုပေါင်း ၃ နိုင်ငံ ရှိပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၉ သိန်း ၆ သောင်းကျော်နဲ့ သေဆုံးသူ ၈ ထောင်ကျော် ရှိနေပါတယ်။
မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၃ သိန်း ၆ သောင်းကျော်၊ သေဆုံးသူ ၁၃,၀၀၀ ကျော်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုအများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃ သိန်း ကျော်နဲ့ သေဆုံးသူ ၆,၇၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈ သောင်း ၇ ထောင်ကျော်နဲ့ သေဆုံးသူ ၁,၇၀၀ ကျော်ရှိနေပါတယ်။
စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်း ၆ ထောင် ကျော်နဲ့ သေဆုံးသူအရေအတွက် ၄၆ ယောက်ရှိနေတာ ဖြစ်ပါတယ်။
လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၉ ယောက်ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံရသူ ၉၄၆ ယောက်နဲ့ သေဆုံးသူအရေအတွက် ၃ ယောက် ရှိနေပါတယ်။