ရီးရဲလ်ကွင်းလယ်လူ အိုဒီဂတ်ကို အပြီးသတ်ခေါ်ယူရန် အာဆင်နယ် သဘောတူညီမှုရ

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အိုဒီဂတ်ကို အပြီးသတ်ခေါ်ယူဖို့ သဘော တူညီမူရရှိခဲ့ပြီလို့ သိရပါတယ်။
နော်ဝေကွင်းလယ်လူ အိုဒီဂတ်ဟာ မနှစ်ကရာသီဝက်ကာလမှာ အာဆင်နယ်အသင်းကို အငှားလာရောက်ကစားခဲ့ သူဖြစ်ပါတယ်။
အိုဒီဂတ်ဟာ ဗုဒ္ဓဟူးနေ့က အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ် ပျက်ကွက်ခဲ့ပြီး နည်းပြ အန်စလော့တီဟာလည်း အိုဒီဂတ်ကို အသုံးပြုဖို့ ဆန္ဒမရှိဘူးလို့သိရပါတယ်။
အာဆင်နယ်အသင်းဟာ နော်ဝေကွင်းလယ်လူအတွက် ပေါင် သန်း ၃၀ ပေးချေရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာကစားမယ့် ချဲလ်ဆီးနဲ့ပွဲအမီ အပြီးသတ်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ အသက် ၂၂ နှစ်ရှိ ကွင်းလယ်တိုက်စစ်ကစားသမား အိုဒီဂတ်ဟာ မနှစ်က အာဆင်နယ်နဲ့ ရာသီဝက်ကာလအတွင်း ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားခဲ့ပြီး ၂ ဂိုးသွင်း ၊ ၂ ဂိုး ဖန်တီးပေးထားပါတယ်။