ထိုင်းတွင် ကိုဗစ်-၁၉ ကြောင့် ၂၄၂ ဦးထပ်မံသေဆုံး၊ စုစုပေါင်း ၉၅၀၀ ကျော်လာ

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက်တည်း ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၂၄၂ ယောက်ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၉,၅၆၂ ယောက် ရှိလာခဲ့ပြီဖြစ်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါ တယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူပေါင်းကတော့ ၁၇,၄၉၁ ယောက်ရှိခဲ့ပြီး ၃၉၈ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင်တွေက ဖြစ်တယ်လို့ ဆိုပါတယ်။
ရောဂါပြန်လည် ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ ၂၂,၁၃၄ ယောက်နဲ့ လတ်တလောအချိန်ထိ ရောဂါကူးစက်ခံရသူစုစုပေါင်းကတော့ ၁ သန်းကျော် ထိ ရှိလာပါတယ်။
ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၁၂ သန်းကျော်၊ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူပေါင်းသန်း ၁၉၀ ကျော်နဲ့ သေ ဆုံးသူပေါင်း ၄ ဒသမ ၄၄ သန်းကျော် ရှိနေခဲ့တယ်လို့ Worldometer ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။
နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံကတော့ ကမ္ဘာ့ နိုင်ငံတွေထဲ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၃၃ နေရာကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ထိပ်ဆုံးမှာတော့ အမေရိကန်က ၃၈ သန်းခွဲကျော်၊ အိန္ဒိယက ၃၂ ဒသမ ၄၄ သန်းကျော်၊ ဘရာဇီးက ၂၀ ဒသမ ၅၇ သန်းကျော်စီ အသီးသီး ကူးစက်ခံထားရပါတယ်။