ပွဲဦးထွက်ခြေစွမ်းအပေါ်ကျေနပ်ပြီး ချန်ပီယံဆုကို စိန်ခေါ်ရန် အဆင်သင့်ဟု လူကာကူပြော

ချဲလ်ဆီးနဲ့ ပွဲဦးထွက်ခြေစွမ်းအပေါ် ကျေနပ်မိပြီး ချန်ပီယံဆုဖလားကို စိန်ခေါ်ရန်လည် အဆင် သင့်ဖြစ်နေပြီဖြစ်ကြောင်း တိုက်စစ်မှူးလူကာကူကပြောပါတယ်။
လူကာကူဟာ အာဆင်နယ်နဲ့ပွဲမှာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ချဲလ်ဆီးအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့ပြီး အနိုင်ဂိုးတစ်ဂိုးလည်း သွင်းယူနိုင်ခဲ့တာပါ။
ပွဲအပြီးအင်တာဗျူးမှာ ကိုယ့်ရဲ့ခြေစွမ်းအပေါ် ဘယ်လိုဖော်ပြချင်သလဲလို့ မေးမြန်းရာမှာတော့ ပြိုင်ဘက်အပေါ် အသာစီးနဲ့စိုးမိုးကစားနိုင်ခဲ့တယ်လို့ ထင်ကြောင်း လူကာကူက ပြန် လည်ဖြေကြားခဲ့တာပါ။
အချိန်တိုင်းမှာ တိုးတက်မှုရှိနေဖို့ ကြိုးစားနေပြီး ပွဲဦးထွက်ပွဲစဉ်မှာ နိုင်ပွဲတစ်ပွဲနဲ့အတူ အကောင်းဆုံးစတင်နိုင်ခဲ့တယ်လို့ လူကာကူကပြောပါတယ်။
ဒါ့အပြင် အသင်လူစာရင်းမှာ အရည်အသွေးမြင့်ကစားသမားတွေရှိပြီး ခြေစွမ်းတိုးတက်ဖို့ အစဉ်အမြဲကြိုးစားနေကြာင်း၊ ပရီးမီးယားလိဂ်ကပြိုင်ဆိုင်မှုပြင်းထန်ပြီး စိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ လူကာကူက ပြောခဲ့ပါတယ်။
စကိုင်းစပေါ့ရဲ့အစီအစဉ်တင်ဆက်သူလည်းဖြစ် ယူနိုက်တက်အသင်း ခေါင်းဆောင်ဟောင်းလည်း ဖြစ်သူ ရွိုင်ကိန်းကတော့ မန်ယူအသင်းမှာ ကစားစဉ်ကဝေဖန်မှုတွေရှိခဲ့ပေမယ့် အခုချိန်မှတော့ ခြေစွမ်းပိုကောင်းပြီး ရင့်ကျက်မှုရှိလာပြီလို့ လူကာကူကိုချီးကျူးခဲ့ပါတယ်။