ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုကို ၂ နှစ်စာချုပ်ဖြင့်ခေါ်ယူရန် မန်စီးတီးအသင်း ကမ်းလှမ်း

မန်စီးတီးအသင်းဟာ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုကို ၂ နှစ်စာချုပ်နဲ့ခေါ်ယူဖို့ ကမ်းလှမ်း လိုက်တယ်လို့ သိရပါတယ်။
စပါးတိုက်စစ်မှူး ဟာရီကိန်းကိုခေါ်ယူနိုင်ရေး အဆင်မပြေဖြစ်ခဲ့ပြီးတဲ့နောက်မှာ စီရော်နယ်ဒိုကိုခေါ်ယူဖို့ မန်စီးတီးအသင်းက စီစဉ်ခဲ့တာပါ။
စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိသေးပေမယ့် ပြောင်းရွှေ့ကြေး တစ်စုံတစ်ရာပေးမှာမဟုတ်ဘူးလို့ မန်စီးတီးဘက်က ဆိုထားပါတယ်။
သတင်းတွေအရတော့ ဂျူဗင်တပ်အသင်းဟာ စီရော်နယ်ဒိုကို လက်လွှတ်မယ်ဆိုရင် မန်စီးတီးဆီက ဂါဘရီယယ်ဂျေးဆူကို အလိုက်ပေးဖို့ တောင်းဆိုမယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းဟာ စီရော်နယ်ဒိုအတွက် ပြောင်းရွှေ့ကြေးပေးချေမှာမဟုတ်ပေမယ့် တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ၃ သောင်းပေးချေမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။
ဂျူဗင်တပ်အသင်းဘက်ကတော့ စီရော်နယ်ဒိုအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၂၅ သန်းခန့် ရယူလိုနေတယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြပါတယ်။