close

ဖျာပုံမြို့ခံ သတင်းထောက် ကိုမျိုးစံစိုး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်အခြေစိုက်   သတင်းထောက် ကိုမျိုးစံစိုးကို စစ်ကောင်စီတပ်က  သြဂုတ် ၂၉ ရက် ညနေပိုင်းက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပါတယ်။

သတင်းထောက် ကိုမျိုးစံစိုးဟာ  Delta News Agency သတင်းဌာနအတွက် သတင်းတွေ ရေးသားပေးပို့နေသူဖြစ်ပြီး ကိုဗစ်တတိယလှိုင်းကစတင်ကာ မြို့အတွက် အောက်စီဂျင်ရှာပေးတဲ့ ပရဟိတလုပ်ငန်းလုပ်ဆောင်ပေးနေချိန် ခုလို ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သတင်းထောက် ကိုမျိုးစံစိုး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ခေါ်မေးတဲ့သဘောမျိုးဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့က ရဲအရာရှိ ၁ ဦးကတော့ ဒီဗွီဘီကို ပြောပါတယ်။

သြဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းက  အာဏာသိမ်းစစ်တပ်က သတင်းထောက် ကိုမျိုးစံစိုးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက်ပိုင်း မိသားစုနဲ့ အဆက်အသွယ်မရတော့ဘူးလို့လည်း ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက် ကိုမျိုးစံစိုးရဲ့ ဖုန်းနဲ့ တခြားသတင်းထောက်တွေ။ နိုင်ငံရေးသမားတွေရဲ့ ပြောဆိုတာတွေကို ခြေရာခံနေပြီး သတင်းအချက်အလက်ရယူ နေတယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ  ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံရတဲ့ သတင်းသမားပေါင်း ၅၀ လောက်ရှိပြီး တချို့ပြန်လွတ်လာပေမဲ့ အနည်းဆုံး ၃၀ ကျော်လောက် အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up