စီရော်နယ်ဒို ကျောနံပါတ် ၇ ဂျာစီဝင်ဆင်မည်ဟု မန်ယူအသင်းထုတ်ပြန်

စီရော်နယ်ဒိုဟာ ကာဗာနီဆီက ကျောနံပါတ် ၇ ဂျာစီကို လွှဲပြောင်းဝတ်ဆင်မယ်လို့ မန်ယူအသင်း ကတရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
အစောပိုင်းက ပရီးမီးယားလိဂ်ရဲ့ ကစားသမားမှတ်ပုံတင်မှုဆိုင်ရာစည်းမျဉ်းတချို့ကြောင့် ရော်နယ်ဒိုအနေနဲ့ သူဝတ်ဆင်နေကျကျောနံပါတ် ၇ ဂျာစီဝတ် ဆင်ခွင့်ရဖို့ မရေရာဘဲဖြစ်ခဲ့တာပါ။
အဆုံးသတ်မှာတော့ ကာဗာနီကိုယ်တိုင်က ရော်နယ်ဒိုကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိခဲ့ပြီး မန်ယူအသင်းဘက်က ပရီးမီးယားလိဂ်နဲ့ ညှိနိူင်းဆောက်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ကျောနံပါတ် ၇ ဂျာစီ ဝတ်ဆင်ရမယ်ဆိုတာ မသေချာခဲ့ပေမယ့် ကာဗာနီဘက်က အံ့အားသင့်စရာ ကောင်းမွန်တဲ့ စိတ်ထားကြောင့် ဝတ်ဆင်ခွင့်ရခဲ့ပြီး ကာဗာနီကို ကျေးဇူးတင်ရှိကြောင်း ရော်နယ်ဒိုက ပြောပါတယ်။
ဥရုဂွေးတိုက်စစ်မှူးကာဗာနီကတော့ လိဒ်ယူနိုက်တက်ကို ပြောင်းရွှေ့သွားတဲ့ ဒယ်နီယယ်ဂျိမ်းစ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၁ ကို ပြောင်းလဲဝတ်ဆင်သွားမှာဖြစ်ပါတယ်။
ကျောနံပါတ် ၇ ဟာ ယူနိုက်တက်သမိုင်းမှာ စံပြကစားသမားတွေသာ ဝတ်ဆင်လေ့ရှိပြီး ဂျော့ဘက်စ်၊ ဘရိုင်ယန် ရော့ဆင်၊ အဲရစ်ကန်တိုနာနဲ့ ဒေးဗစ်ဘက်ခမ်းတို့ ဝတ်ဆင်ခဲ့ဖူးပါတယ်။