close

ရေးမြို့မရဲစခန်း ကင်းစခန်း ဗုံးခွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်  ရေးမြို့မရဲစခန်း ကင်းစခန်းတခုအား ရေးမြို့ YST F ဗိုလ်သမန်းကျား ပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာ ၄ ရက်နေ့ မနက် ၆ နာရီလောက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အနီးနားနေသူတဦးက ပြောပါတယ်။ ဗုံးခွဲတိုက်ခိုက်ခံရမှုအခြေအနေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို သီးခြားအတည်ပြုဖို့ မေးမြန်းတာ မရသေးပါဘူး။

ရေးမြို့ နယ်မြေခံတပ်ရင်း တပ်မနဲ့ ခလရ ၆၁ တပ်ရင်းကြားရှိ ကတုတ်ကျင်းကိုလည်း  စက်တင်ဘာ ၃ ရက်နေ့ည ၆ နာရီလောက်မှာ ဗိုလ်သမန်းကျား ပြောက်ကျားတပ်ဖွဲ့က ဗုံး ၁ လုံးနဲ့ ပစ်ခတ်ခဲ့ပေမဲ့ မပေါက်ခဲ့ဘူးလို့ အဖွဲ့က ဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့ကို စတင်တိုက်ခိုက်လာတာဟာ နယ်မြေကျူးကျော် ရန်စလာတဲ့အပေါ် လက်တုံ့ပြန်တာဖြစ်ကြောင်း ရေးမြို့ YSTF ဗိုလ်သမန်းကျား ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီ တပ်နဲ့ ရဲတပ်ဖွဲ့ကို ပြည်သူ့လစာစားပြီး အာဏာရှင်လက်အောက်ခံဘ၀ကနေ အမြန်ဆုံး ရုန်းကန်ထွက်ကြဖို့လည်း YSTF ပြင်းထန်စွာ သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up