close

စစ်ကောင်စီတပ်က ကိုးကန့် (MNDAA) နယ်မြေကို ဒရုမ်းဖြင့်ထောက်လှမ်း၊ လက်နက်ကြီးပစ်ခတ်

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက ကိုးကန့် (MNDAA) ကာကွယ်ရေးနယ်မြေတွေကို  ခုရက်ပိုင်းအတွင်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး  ဒရုမ်းယာဉ်တွေနဲ့  စုံစမ်းထောက်လှမ်းနေတယ်လို့ ကို့ကန့်သတင်းမှာ ဖော်ပြပါတယ်။

စက်တင်ဘာ  ၄ ရက် ကိုးကန့်မီဒီယာ သတင်းအချက်အလက်တွေအရ  စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်း မြန်မာနိုင်ငံဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရှိရာ အထူးဒေသ (၁) မုံးကိုးခရိုင် ဖောင်ဆိုင်ဒေသမှာ  လက်နက်ကြီးတွေနဲ့  အလုံးအရင်းနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေသလို ဒရုန်းတွေနဲ့ ထောက်လှမ်းနေတာကြောင့် တိုက်ပွဲတွေလည်း ပိုမိုအရှိန်မြင့်တက်လာနိုင်တယ်လို့ဆိုပါတယ်။

စက်တင်ဘာ ၃ ရက်ကလည်း  စစ်ကောင်စီတပ်က  သံလွင်မြစ်အနောက်ဘက် မုံးကိုးဒေသ မန်းရန်၊ ဖောင်းဆိုင်နဲ့ သံလွင်မြစ်အရှေ့ဘက် ကိုးကန့်ဒေသ ဟဲရှန်၊ လုံခမ်၊ ရှောက်တင့်ပ ဒေသရှိ စခန်းတွေကို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၄ ရက်တစ်နေ့တည်း လက်နက်ကြီးနဲ့  အကြိမ် ၃၀၀ ကျော်ပစ်ခတ်ခဲ့ပြီး ညနေ ၃ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေက  လက်နက်ကြီးပစ်ကူယူပြီး  ခြေလျှင်တပ်နဲ့  နှစ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ လည်းကိုးကန့်သတင်းမှာဖော်ပြပါတယ်။ 

အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကိုးကန့်တပ်တွေဘက်က ထိခိုက်ဒဏ်ရာရတာ ဘယ်လောက် ရှိတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးဒေသမှာ MNDAA ကိုးကန့်တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေ ဩဂုတ်လကတည်းက တိုက်ပွဲတွေဆက်တိုက်ပြန်လည်ဖြစ်ပွားနေခဲ့ပြီး  စစ်ကောင်စီဘက်က အရာရှိတွေနဲ့ စစ်သား အများအပြား သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ထိတွေ့မှု အနည်းငယ်သာရှိပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားတာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up