close

အရာတော်မြို့တွင် စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ပြီး အပြစ်မဲ့ သားအမိနှစ်ဦးကို ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့၊ ပိတောက်မြိုင်ရပ်ကွက်မှာ စက်တင်ဘာလ ၈ ရက် မနက် ၂ နာရီလောက်က စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ပြီး PDF နဲ့ အဆက်အသွယ်ရှိတယ်လို့ဆိုကာ သားအမိနှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီမနက် ၂ နာရီကျော်ကျော်လောက်မှာ ဧည့်စာရင်းစစ်တယ်လို့ ပြောတယ်။ ရပ်ကွက်ထဲက လူငယ်တစ်ယောက်ကို PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းတော့ အမေဖြစ်သူကလည်း ငါ့သား ဘာမှမလုပ်ပဲ အိမ်မှာနေတာ ဘာအပြစ်မှမရှိဘူး၊ ဖမ်းမယ်ဆိုရင် ငါ့ရောပါဖမ်းဆိုပြီး အဖမ်းခံတာလို့ ပြောတယ်ဗျ၊ သူတို့သားအမိနှစ်ယောက်လုံး ဖမ်းသွားတာ၊ တခြားအိမ်တွေက ဖမ်းဆီးခံရတဲ့ လူငယ်တွေလည်း ရှိသေးတယ်၊ အတည်ပြုလို့မရသေးတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပိတောက်မြိုင်ရပ်ကွက်အတွင်းက ဒေါ်ချိုအေးခန့် အသက် ၄၃ နှစ်နဲ့ သားဖြစ်သူ ဗညားခန့်ဇော် အသက် ၂၀ တို့ကို အပြစ်မဲ့ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

အရာတော်မြို့နယ်အတွင်းမှာ တော်လှန်ရေးကာလ အပြစ်မဲ့ဖမ်းဆီးခံရသူ ၂၀ ကျော်ရှိပြီး တချို့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကာ ၁၀ ဦးလောက်က အခုချိန်အထိ ဖမ်းဆီးခံရဆဲဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up