close

ရေးမြို့မရဲစခန်းရှေ့ ဖြတ်သန်းသွားလာနေသည့် ဆိုင်ကယ်အချို့ ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်း​ရှေ့ကနေ ဖြတ်သန်းသွားနေတဲ့ ဆိုင်ကယ်တချို့ စက်တင်ဘာ ၁၄ ရက်နေ့ ည ၆ နာရီကျော်လောက်မှာ  သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က ရဲစခန်းကင်းတဲကို ဗုံးခွဲတိုက်ခိုက်ခံရပြီးတဲ့နောက် အခုလို မသင်္ကာတဲ့ ဆိုင်ကယ်တွေကို ခြောက်လှန့်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့လည်း အမည်မဖေါ်လိုသူ ဒေသခံတဦးက ပြောပါတယ်။

ရဲစခန်းကို ရေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မကြာခဏ တိုက်ခိုက်ခြင်းကိုခံခဲ့ရသလို ရဲတပ်သားတွေမှာ ထိခိုက်ဒဏ်ရာရတာတွေ မရှိသေးပါဘူး။

စက်တင်ဘာ ၁၃ ရက်နေ့ကတော့  ရန်ကုန်- ရေး - ထားဝယ် ကားလမ်းမကြီး နှင်းစုံ ကျေးရွာအနီး လုံခြုံရေးယူနေတဲ့ ရဲတပ်သား ၁ ဦး ဓားနဲ့အနီးကပ်ထိုးသတ်ခံခဲ့ရပါတယ်။

အခုလို ရေးမြို့ PDF တွေရဲ့ ပြောက်ကျားစစ်ဆင်ရေးတွေ စတင်လှုပ်ရှားလာတာနဲ့အမျှ မြို့ပေါ်ရပ်ကွက် လူနေအိမ်တွေမှာ PDF တွေခုံလှုံနေတယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရင်ကထက် လုံခြုံရေးတွေကို နေ့ရောညပါ ပိုမိုတင်းကျပ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up