close

စလင်း NLD အလုပ်အမှုဆောင် ၁ ဦးကို အကြမ်းဖက်စစ်အုပ်စုက ပစ်သတ်

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်မှာ စက်တင်ဘာ ၁၄ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုက သေနတ်နဲ့ပစ်ခတ်တာကြောင့် မြို့နယ် NLD ပါတီအလုပ်အမှုဆောင်တစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စလင်းမြို့နယ် ပုသိမ်-မုံရွာလမ်းဘေးက ခင်ပလူ ကျေးရွာမှာ ဒီကနေ့ညနေ ၃ နာရီခွဲလောက်က အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေက NLD ပါတီ မြို့နယ်အမှုဆောင် ဦးနိုင်လင်းနေအိမ်ကို ဝင်ရောက်ပစ်ခတ်ဖမ်းဆီးရာ သေနတ်ကျည် ထိမှန်ပြီးတော့ ကျဆုံးခဲ့ရတယ်လို့ ပါတီတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“ကိုနိုင်လင်းကြီး ကျသွားပြီလို့ သတင်းပို့ကြတော့ မယုံနိုင်သေးဘူး။ တချို့ကလည်း လွတ်သွားတယ်လို့ ကလေးတွေက သတင်းပို့ကြပေမယ့် နောက်တော့ နီးစပ်ရာကို ထပ်စုံစမ်းတော့ ညနေ ၅ နာရီခွဲလောက်ကျတော့ စလင်းမြို့နယ်ပြည်သူဆေးရုံ ရင်ခွဲရုံမှာ တည်ပြုလိုက်ပြီ။”

စလင်းမြိုနယ်ထဲမှာ NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်တွေဟာ ပုဒ်မ - ၅၀၅ နဲ့ ဖမ်းဝရမ်း အထုတ်ခံထားရတာဖြစ်ပြီး ပါတီဝင်ထဲက ၅ ယောက်လောက်  ဖမ်းဆီးခံထားရပြီး ပါတီကိုထောက်ခံဝန်းရံတဲ့ ပြည်သူ အယောက် ၂၀ လောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး အရေးယူထားတယ်လို့ ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်သတ်ဖြတ်တာကြောင့် စလင်းမြို့နယ်ထဲမှာ NLD မြို့နယ်အမှုဆောင် ဦးနိုင်လင်းအပါအဝင် ၃ ယောက် ကျဆုံးခဲ့ပြီလို့  NLD ပါတီဝင်တွေဆီကနေ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up