close

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တောင်ကိုရီးယားသမ္မတတို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်း၊ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချွန်းအွီယောင်းတို့နဲ့ ဆိုးလ်မြို့တော်မှာ စက်တင်ဘာ ၁၅ ရက်က တွေ့ဆုံဆွေးနွေးပါတယ်။

မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းရိုးတန်းကနေ ပဲ့ထိန်းဒုံးကျည် ၂ စင်း စမ်းသပ် ပစ်လွှတ်ခဲ့အပြီး တောင်ကိုရီးယားစစ်တပ်က တပ်လှန့်မှု အဆင့်ကို မြှင့်တင်ခဲ့တာပါ။

အမေရိကန်နဲ့နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် အသင့်အနေအထား အပြည့်အဝ ထိန်းထားတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးအရာရှိချုပ်က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဝမ်ယိဟာ ဆိုးလ်မြို့တော်ကို စက်တင်ဘာ ၁၄ ရက်က ၂ ရက်ကြာ အလည်အပတ်ခရီးစဉ်နဲ့ ရောက်လာတာပါ။

မြောက်ကိုရီးယားအစိုးရနဲ့ အမေရိကန်အစိုးရအကြား  ကိုရီးယားကျွန်းဆွယ် နျူကလီးယား ဖြုတ်သိမ်းရေး ညှိနှိုင်းဆွေးနွေးပွဲတွေ ကြန့်ကြာနေပြီး မြောက်ကိုရီးယားက လတ်တလော ဒုံးကျည် ပစ်လွှတ် စမ်းသပ်ခဲ့တဲ့အပေါ် စိုးရိမ်နေကြချိန်မှာ တောင်ကိုရီးယားအရာရှိတွေနဲ့ ဆွေးနွေးဖို့ ရောက်လာတာလည်း ဖြစ်ပါတယ်။

လာမယ့်နှစ်မှာ တရုတ်- တောင်ကိုရီးယား သံတမန် ဆက်ဆံရေး နှစ် ၃၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ သံတမန် ဆက်ဆံရေးကို ပိုမြန်မြန်၊ တည်တည်ငြိမ်ငြိမ်၊  အပြည့်အဝ အားဖြည့်ဖို့နဲ့ ဘုံအကျိုးစီးပွားတွေ တိုးချဲ့ဖို့ ပိုပြီး ပူးပေါင်းဆောင်ရွက်ရေး ဝမ်ယိက တောင်းဆို ခဲ့ပါတယ်။

ချွန်းကလည်း မြောက်ကိုရီးယားနဲ့ ငြိမ်းချမ်းရေးကို ဆက်လက် အားပေးမြှင့်တင်ဖို့ ကတိပြုပြီး လာမယ့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို တရုတ်မြို့တော် ပေကျင်းမှာ ကျင်းပတဲ့အခါ အားထုတ်မှု စတင်ရေး အခွင့်အရေးပေးဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up