မန်စီးတီးအသင်းခေါင်းဆောင်တာဝန်အတွက် မဲပေးမှုတွင် ဒီဘရိုင်း စတုတ္ထနေရာကျဆင်း

မန်စီးတီအသင်းခေါင်းဆောင်တာဝန်အတွက် ကစားသမားတွေက မဲပေးရွေးချယ်ရာမှာ ကွင်းလယ်လူ ဒီဘရိုင်းက စတုတ္ထနေရာ ရောက်သွားခဲ့ပါတယ်။
မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ၂၀၁၉ ခုနှစ်က ဗင်းဆင့်ကွန်ပနီ ထွက်ခွာသွားပြီးနောက် အသင်းခေါင်းဆောင်ရာထူးကို ကစားသမားတွေရဲ့ မဲပေးမူနဲ့ နှစ်စဉ်ပြန်လည်ရွေးချယ်ခဲ့တာလို့ Telegraph သတင်းမှာ ဖော်ပြပါတယ်။
ပထမအသင်းခေါင်းဆောင်အနေနဲ့ ကွင်းလယ်လူ ဖာနန်ဒင်ညိုက ဆက်ရှိခဲ့ပြီး ဒုတိယအသင်းခေါင်းဆောင်အနေနဲ့ ဂွမ်ဒိုဂန်၊ တတိယအသင်းခေါင်းဆောင်အနေနဲ့ ရူဘင်ဒိုင်ယက်ဇ်တို့ ရွေးချယ်ခံခဲ့ရတာပါ။
ဒီဘရိုင်းဟာ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံဗိုလ်လုပွဲမှာ အသင်းခေါင်းဆောင်အဖြစ် နောက်ဆုံးအကြိမ် တာဝန်ယူခဲ့တာပါ။
မန်စီးတီးအသင်းဟာ လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒီဘရိုင်းက ပွဲထွက်စာရင်းမှာ ပါဝင်ခဲ့ပေမဲ့ ရူဘင်ဒိုင်ယက်ဇ်က အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ပြီး ကစားသွားခဲ့ပါတယ်။