close

ကမ္ဘာ့တန်ဖိုးအရှိဆုံး အသင်းစာရင်းတွင် မန်စီးတီးအသင်း နံပါတ်တစ်နေရာ ဆက်လက်ရပ်တည်

ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်းစာရင်းကို ဘောလုံးအချက်အလက် ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ CIES က ထုတ်ပြန်ခဲ့ရာမှာ မန်စီးတီးက နံပါတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။ 

မန်စီးတီးအသင်းဟာ အခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ အင်္ဂလန်ကွင်းလယ်လူ ဂျက်ဂရေးလစ်ရှ်ကို ပေါင်သန်း ၁ဝဝ နဲ့ ခေါ်ယူခဲ့ပြီး အသင်းရဲ့ စုစုပေါင်းတန်ကြေးက ပေါင် ၉၂၆ သန်းရှိခဲ့တာပါ။ 

နံပါတ် ၂ နေရာမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းက ပေါင် ၈၇၇ သန်းနဲ့ ရပ်တည်နေပါတယ်။ ယူနိုက်တက်အနေနဲ့ ဆန်ချို၊ဗာရန်းနဲ့ ရော်နယ်ဒိုတို့ကိုခေါ်ယူခဲ့လို့သာ မန်စီးတီးနဲ့ နီးကပ်တဲ့အခြေအနေကိုရောက်ရှိခဲ့တာပါ။ 

ယူနိုက်တက်ရဲ့နောက်မှာ ပီအက်စ်ဂျီက ပေါင်သန်း ၈၂ဝ နဲ့ တတိယ၊ ရီးရဲလ်မက်ဒရစ်က ပေါင် ၆၇၅ သန်းနဲ့ စတုတ္ထနေရာတွေမှာ ရပ်တည်ပါတယ်။ 

အဲဒီနောက် ချဲလ်ဆီးက ပေါင်၆၆၉သန်းနဲ့ အဆင့် ၅၊ လီဗာပူးက ပေါင် ၅၇၆သန်း နဲ့ အဆင့် ၆၊ ဂျူဗင်တပ်ကပေါင် ၅၆၃ သန်းနဲ့ အဆင့် ၇ နေရာတွေမှာ ရပ်တည်ပါတယ်။ 

တန်ဖိုးအရှိဆုံး ထိပ်တန်း၁ဝသင်းမှာ ပရီးမီးယားလိဂ်ကလပ် ၆ သင်းအထိ ပါဝင်ခဲ့ပြီး အာဆင်နယ်၊ စပါးနဲ့ အဲဗာတန် အသင်းတွေက ဂျာမန်ထိပ်သီးဘိုင်ယန်မြူးနစ်အသင်းရဲ့အထက်မှာ ရပ်တည်ခဲ့တာပါ။ 

အဆင့် ၁ နေရာက မန်စီးတီးအသင်းရဲ့ တန်ကြေးစုစုပေါင်းက နောဝှစ်ချ်အသင်းရဲ့ ၁၂ ဆအထိ ရှိနေ တာလည်းဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up