close

မန်စီးတီးပြောင်းမည့် ရော်နယ်ဒိုကို ယူနိုက်တက်ပရိသတ်များ ဒေါသထွက်

မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေးရာသဘောတူညီခဲ့ တဲ့ ရော်နယ်ဒိုကို မန်ယူနိုက် တက်ပရိသတ်တွေက ဒေါသထွက်နေပါတယ်။ 

အသက် ၃၆ နှစ်ရှိ ရော်နယ်ဒိုဟာ မန်ယူနိုက်တက်ပရိသတ်တွေရဲ့ အသည်းစွဲကစား သမားဖြစ်ပြီး ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ခြေစွမ်းပြကစားခဲ့သူပါ။ 

လက်ရှိအချိန်မှာတော့ ဂျူဗင်တပ်နဲ့မန်စီးတီးတို့ကြား သဘောတူညီမှု ရဖို့ပဲလိုတော့ပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ 

ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့အပေါ် မန်ယူပရိသတ်တွေက စိတ်ဆိုးဒေါသထွက်ခဲ့ပြီး ဆိုရှယ်မီဒီယာတွေမှာ အများအပြား မှတ်ချက်ပေးနေကြတာပါ။ 

ရော်နယ်ဒိုဟာ ယူနိုက်တက်ဂန္ထဝင်ဖြစ်တာကြောင့် မန်စီးတီးဆီကို မပြောင်းရွှေ့သင့်ကြောင်း၊ အသင်းပိုင်ရှင်တွေဘက်ကလည်း အပြောင်းအရွှေ့အပေါ် ခွင့်ပြုမပေးသင့်ကြောင်း၊ ပိုင်ရှင်တွေဟာ ထိပ်ဆုံး ၄ သင်းဝင်ရေးအတွက်ပဲ ရည်မှန်းထားပြီး မန်စီးတီးအသင်းက ပိုကောင်းသွားမှာကို ခွင့်ပြုနေကြောင်း ယူနိုက်တက်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။ 

ဒါ့အပြင် တီကေဆိုတဲ့ ယူနိုက်တက်ပရိသတ်တစ်ဦးကလည်း ရော်နယ်ဒိုသာ စီးတီးကို ပြောင်းရွှေ့ဖြစ်ရင် သူ့မှာရှိတဲ့ ဂျာစီကို မီးရှို့လိုက်မယ်လို့ ရေးသားထားပါတယ်။ 

တခြား ယူနိုက်တက်ပရိသတ်တစ်ဦးကတော့ ရော်နယ်ဒိုဟာ ရီးရဲလ်နဲ့ ဆက်ဆံရေးကြောင့် ဘာစီလိုနာကို ဘယ်တော့မှပြောင်းရွှေ့မှာမဟုတ်ကြောင်း၊ မန်စီးတီးဆီပြောင်းရွှေ့ခဲ့ရင်တော့ ယူနိုက်တက်ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရဖို့မထိုက်တန်ကြောင်း တွစ်တာကနေ ရေးသားခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up