close

ပွဲစားခဘတ် ၂၅,၀၀၀ ထိပေးပြီး ထိုင်းဘက်တရားမဝင်ဝင်လာသည့် မြန်မာ ၄၇ ဦး လမ်းပြများနှင့်အတူ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၄၇ ယောက်ကို လမ်းပြ ၄ ယောက်နဲ့အတူ ဆွိုင်ယော့ခ်ခရိုင်ထဲမှာ ထိုင်းနယ်မြေကင်းလှည့်တပ်က ဒီကနေ့မနက် အစောပိုင်း ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

စစ်သားတွေ၊ ရဲတွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့ဟာ သူတို့ကို မနက် ၆ နာရီလောက်က ဒေသတွင်း ဗလီတခုရှေ့က သစ်ပင်တွေကြားမှာ တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

ဖမ်းမိသူတွေထဲမှာ မြန်မာအမျိုးသား ၂၈ ယောက်နဲ့ အမျိုးသမီး ၁၉ ယောက်ပါဝင်ပြီး သူတို့ကို ထားဝယ်နဲ့ ပဲခူးမြို့တွေကနေ ထိုင်း-မြန်မာနယ်စပ်ထိ လမ်းပြအမျိုးသား ၄ ယောက်က ဦးဆောင်ခေါ်လာခဲ့တာလို့ ပြောပါတယ်။

ဖမ်းမိချိန်မှာ သူတို့ဟာ ဘန်ကောက်နဲ့ နခွန်ပထုံဒေသတွေဆီ သွားရောက်ဖို့ စောင့်ဆိုင်း နေချိန်ဖြစ်ပြီး ခုလိုလာရောက်ဖို့ တယောက်ကို ပွဲစားခဘတ်ငွေ ၁၄,၀၀၀ ကနေ ၂၅,၀၀၀ ပထိ ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူတို့အားလုံးနဲ့ လမ်းပြ ၄ ယောက်ကို ဆွိုင်ယော့ခ်ရဲစခန်းဆီ ပို့ ဆောင်ထားပြီး ဉပဒေအရ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up