close

ကလေးမြို့ကို စစ်ကောင်စီတပ်များက သံချပ်ကာကားများအပါအဝင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီလက်နက်ကိုင်တပ်တွေ  သံချပ်ကာကား  ၂ စီး၊ စစ်ကားအစီး ၄၀ အတူ အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

“အခုကျနော်တို့ ကလေးမြို့မှာ စစ်ကား အစီး ၄၀ နဲ့ သံချပ်ကာကား ၂ စီး ဒီမနက် ပိုင်းကရောက်လာတယ်။ အခုကစစ်အင်အားဖြည့်တင်ပြီးစစ်ဆင်ရေးလုပ်တော့မယ်ထင်တယ်”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အခုလိုစစ်ကောင်စီတပ်တွေ  အင်အားဖြည့်တင်းလာတဲ့အတွက် မြို့သူမြို့သားတွေအတွက် စိုးရိမ်ရတယ်လို့လည်း ဒေသခံက ပြောပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေ၊ ကျေးရွာတွေမှာ  စစ်ကောင်စီတပ်တွေက  အင်အားအလုံးအရင်းနဲ့ စစ်ဆင်နေတာဖြစ်ပြီး ကလေးမြို့မှာလည်း ဒေသခံ  PDFတွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲမကြာခဏဖြစ်ပွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up