မုံရွာမြို့ အမှတ် (၂) ရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲတပ်သား၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာရှိတဲ့ အမှတ်(၂) ရဲစခန်းကို အောက်တိုဘာ ၁၁ ရက် မနေ့ည ၁၁ နာရီ ဝန်းကျင်လောက်က ဗုံးပစ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်သား ၂ ယောက်သေဆုံးခဲ့ပြီး အခုလိုအမှတ်၂ ရဲစခန်းကို ဗုံးပစ်တိုက်ခိုက်တာဟာ PDF-South Monywa က လုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
"မနေ့ညက၁၁နာရီဝန်းလောက် အမှတ်၂ ရဲစခန်းမှာ အသံကျယ် ကြီးကြားတယ်။ မေးကြည့်တော့ ဗုံးပစ်ခံရတာတဲ့။ အဲဒါပြီးတော့ ရဲစခန်းထဲက သေနတ်ပစ်သံတွေကြားရတယ်။ နှစ်ယောက်သေတယ်လို့လည်း ပြောနေကြတယ်။” လို့ အနီးပတ်ဝန်းကျင် ဒေသခံတစ်ဦးက ပြောပါတယ်။
အမှတ် (၂) ရဲစခန်းကို ဗုံးနဲ့ ပစ်တဲ့ ဖြစ်စဉ်မှာ PDF South Monywa အဖွဲ့ဝင် ရဲဘော်တစ်ဦး ပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။