ရိုမေးနီးယား အမျိုးသမီး တင်းနစ်ပြိုင်ပွဲ၌ အက်စတိုးနီးယားသူနှင့် ရိုမေးနီးယား တင်းနစ်မယ်တို့ ဗိုလ်လုပွဲတက်

ရိုမေးနီးယားနိုင်ငံမှာ ကျင်းပနေတဲ့ Transylvania အိုးပင်း အမျိုးသမီးတဦးချင်းတင်းနစ် ပြိုင်ပွဲမှာ ဆီမီးအဆင့်မှာ အက်စတိုးနီးယားသူ Anett Kontaveit နဲ့ ရိုမေးနီးယား တင်းနစ်မယ် Simona Halep တို့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ပထမဆီမီးပွဲစဉ်မှာ အက်စတိုးနီးယားသူ Anett နဲ့ ဆွီဒင်က Rebecca တို့ ယှဉ်ပြိုင်ခဲ့ရာမှာ Anett က ၆-၃၊ ၆-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပွဲအပြီးမှာ Anett က နှစ်ရက်တာ ကစားခဲ့တဲ့ ရလဒ်ကို အားရတဲ့အကြောင်းနဲ့ ပြိုင်ဘက် Rebecca ရဲ့ လက်ရည်ကို ချီးကျူးပြီး အနိုင်ရအောင် ခက်ခက်ခဲခဲ ကစားခဲ့ရတယ်လို့ ပြောပါတယ်။
ရိုမေးနီးယား တင်းနစ်မယ် Simona Halep နဲ့ ယူကရိန်းတင်နစ် အကျော်အမော် Marta Kostyuk တို့ ပွဲမှာလည်း Simona က ၆-ဝ၊ ၆-၁ နဲ့ အနိုင်ရခဲ့ပါတယ်။
အနိုင်ရသွားတဲ့ Simona ကလည်း ပြိုင်ဘက်ကို ချီးကျူးစကားပြောပြီး အကြိတ်အနယ်ရှိတဲ့ပွဲမှာ အနိုင်ရတဲ့အတွက် ကျေနပ်တယ်လို့ ပြောသွားပါတယ်။