ဟေတီတွင် လောင်စာဆီပြတ်လပ်သဖြင့် ဓာတ်ငွေ့ဖြည့်ရန် ကားနှင့်ဆိုင်ကယ်များ တန်းစီ စောင့်ဆိုင်း

ဟေတီနိုင်ငံရဲ့မြို့တော် ပို့ထ်အူပရင့်စ်က ဓာတ်ငွေ့ရည်ဆိုင်မှာ ကားတန်းကြီးနဲ့ ဒါဇင်ချီတဲ့ မော်တော်ဆိုင်ကယ်သမားတွေ အောက်တိုဘာ ၃၁ ရက်က တန်းစီစောင့်ဆိုင်းနေကြရပါတယ်။
တတိုင်းပြည်လုံးမှာ လောင်စာပြတ်လပ်နေလို့ ပြည်သူတွေ အသွားအလာ လျှော့နေရပြီး စီးပွားရေး လုပ်ငန်းတချို့ ပိတ်ပစ်ခဲ့ရပါတယ်။
ဝန်ကြီးချုပ် အေရီရယ် ဟင်နရီ ရာထူးက နုတ်ထွက်ရေး တောင်းဆိုဖို့ လောင်စာဂိတ်တွေကို ပို့ထ်အူပရင့်စ် ညွန့်ပေါင်းဂိုဏ်း တခုက ဖြတ်တောက်ပိတ်ဆို့ထားခဲ့လို့ ခုလို လောင်စာ ပြတ်လပ်နေတာပါ။
ဟေတီနိုင်ငံအတွင်း လတ်တလောမှာ ကနေဒါနိုင်ငံသား ၁၇ ယောက်နဲ့ အမေရိကန် သာသနာပြု တဦးကို ပြန်ပေးဆွဲထားလို့ ဂိုဏ်းတွေရဲ့ ဩဇာကြီးထွားလာနေပါတယ်။
ဟေတီနိုင်ငံမှာ ငွေတန်ဖိုး အားနည်းနေပြီး ငွေကြေးဖောင်းပွမှု ဆယ်ဂဏန်း ရာခိုင်နှုန်း ရှိနေတဲ့အပြင် ရာဇဝတ်မှု မြင့်တက်နေပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေအပေါ် လာဘ်စားမှု စွဲချက်တွေ ဒင်းကြမ်း ပြည့်နေလို့ ဒေါသတွေ ဆူပွက်နေတဲ့ အတွက် အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေပြီး တခါတလေ ဆန္ဒပြပွဲတွေမှာ လူသေတဲ့အထိ ဖြစ်လေ့ ရှိပါတယ်။