close

စပါးအသင်းနည်းပြအဖြစ် ကွန်တီကို ခန့်အပ်

စပါးအသင်းဟာ အီတလီနည်းပြ ကွန်တီကို အသင်းရဲ့ နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။ 

ပေါ်တူဂီနည်းပြ နူနိုဆန်းတို့စ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် ချဲလ်ဆီးနဲ့ အင်တာမီလန်  နည်းပြဟောင်း ကွန်တီကို ခေါ်ယူခဲ့တာပါ။

ဂျူဗင်တပ်စ်၊ အီတလီလက်ရွေးစင်အသင်း၊ ချယ်လ်ဆီးနဲ့ အင်တာမီလန်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ ကွန်တီဟာ  စပါးအသင်းနဲ့ ၂၀၂၃ ဇွန်လအထိ သက်တမ်းရှိတဲ့စာချုပ်ကို ချုပ်ဆိုခဲ့ ပြီး နောက်ထပ် ထပ်မံသက်တမ်းတိုးမယ့်အချက်ပါဝင်ကြောင်း သိရပါတယ်။

စပါးအသင်းဟာ နည်းပြ နူနိုဆန်းတို့စ်ကို မခန့်အပ်ခင် ရာသီအစကတည်းက ကွန်တီကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up